
APM ၊ နိုဗမ်ဘာ ၂၈/ ၂၀၂၃
နိုဗမ်ဘာ၂၇ရက်နိညဇာ ၄နာရီ၊မိနစ် ၄၀မာ ဘူးသီးတောင် အခြီစိုက် စစ်ကောင်စီတပ် စကခ (၁၅) လက်အောက်ခံ ခမရ(၅၆၅) တပ်ရင်းက ပစ်လိုက်တေ လက်နက်ကြီးတလုံးစွာ ဘူးသီး တောင်မြို့နဟ်၊ စံညှင်းဝေအုပ်စု၊အရှိ ပြင်ရှည် (မူဆလင်) ရွာ၏အရှိဖက် ဈီးအနားဟင်းခင်းမာ ကျရောက်ပေါက်ကွဲရာ ဟင်းခင်းအတွင်း အလုပ်လုပ်နီရေအချေ ၂ ယောက်အပါအဝင် ၃ ယောက် သီဆုံးလားပြီး၊ ၅ ယောက် ပြင်းထန်ဒဏ်ရာတိ ရဟိလားခကြောင်းသိရပါရေ။
စစ်ကောင်စီ၏ လူမဆန်စွာ ပစ်ခတ်မှုကြောင့် သီဆုံးလားလူ ၃ ယောက်မာ ကွန်တိုင်အုပ်စု၊ဝါချီးလာရွာက (အဖ)ဆော်မီဟူလ္လာ၏သား အာရုရူလ္လာ(၈နှစ်)၊(အဖ)ရှောမီ၏ သမီး အဒူလ္လာ(၁၀နှစ်)နန့် (အဖ)နာဇာမူဇိမ်၏သမီး ဟာ ဘေဇာ(၆၀နှစ်)ရို့ ဖြစ်ကတ်ပါရေ။
အာရုရူလ္လာ(၈နှစ်)နန့် ဟာဘေဇာ(၆၀နှစ်)ရို့ နှစ်ယောက်စွာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နီရာမာပင် ဂွင်တိုင်းသီဆုံးလားခပြီးကေ အဒူလ္လာ(၁၀နှစ်)ကတော့ခါ ဘူးသီးတောင်ဆီးရုံကြီးသို့ ယူလားခါ ဆီးရုံကြီးအရောက် သီဆုံးလားခကြောင်း သိရပါရေ။
လက်နက်ကြီးကြောင့် ပြင်းထန်ဒဏ်ရာ ရလားခရေလူ ၅ ယောက်ကတော့ သီဆုံးလူတိနန့် တရွာတည်းသားတိဖြစ် ကတ်တေ (အဖ) မူနော်ရာမတ်၏သား ဆော်မီယူလ္လာ (၃၈ နှစ်)၊(အဖ) ဘော်ချီးအာမက်၏သား ဂျော်ဟာယော (၂၈ နှစ်) ၊ (အဖ) အယူဆမ်း၏သား မူဇီဆမ်း(၁၉နှစ်)၊(အဖ) အာယူဇမ်းး၏သမီး မီဇမ်း(၃၀နှစ်)နန့် (အဖ) နူရူဆလင် ၏ သား နူရူဇာမတ်ရို့ ဖြစ်ကတ်ပါရေ။
လက်ဟိမာ ယင်းပြင်းထန်ဒဏ်ရာရလားခရေ ၅ ယောက် ကို ဘူးသီးတောင်ဆီးရုံကြီးသို့ ပို့ဆောင်ပနာ ဆီကုသမှုခံယူနီကြောင်း သိဟိရပါရေ။
