APM ၊ အောက်တိုဘာ ၂၈ / ၂၀၂၃
မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးစစ်ဖီးယှောင်စခန်းမာ လက်ဟိ သောက်သုံးရီအခက်အခဲကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နီကတ်ရကြောင်းသိရပါရေ။
ယင်း ကမ်းထောင်းကြီးစစ်ဖီးယှောင်စခန်းမာ အဝီစိရီတွင်း ၃ တွင်းဟိပြီးကေ လက်ဟိမိုးရာသီကာလဖြစ်ကေလေ့ ယင်းရီတွင်းတိက ရီစွာ ညှီနံ့ထွက်နီလို့ သောက်သုံးဖို့ လုံးဝ အဆင်မပြေလို့ စစ်ဖီးယှောင်တိကပြောပါရေ။
ယင်းပိုင် ညှီနံ့ထွက်နီစွာရေ တရက်ထက်တရက်ပို့လို့ ဆိုးရွားလာပြီးကေ လက်ဟိ စစ်ဖီးယှောင်တိမာ မျက်နှာသစ်ဖို့တောင် အဆင်မပြေကြောင်းဆိုပါရေ။
ယင်းအပြင် သောက်ရီအတွက် ရီသန့်ဝယ်သောက်ဖို့ဆိုကေလေ့ငွေကြေးမတတ်နိုင်လို့ ယင်းရီတွင်းတိကရီကိုရာ ကြိုချက်သောက်နီကတ်ရပနာ သောက်သုံးရီ အလှူသျှင်တိလိုအပ်နီကတ်ပါရေ။
ကမ်းထောင်းကြီး စစ်ဖီးယှောင်စခန်းမာအိမ်ထောင်စု ၂ဝ၂ စုနန့် လူဦးရေ ၆၈၂ ယောက် ခိုလှုံနီကြောင်း သိဟိရပါရေ။