APM၊ အောက်တိုဘာ ၂၈/ ၂၀၂၃
၁၀၂၇ စစ်ဆင်ရီး ဒုတိယနိ တိုက်ပွဲသတင်းကို ကိုးကန့်MNDAA ၊တအာင်းTNLA နန့် ရက္ခိုင် AA ညီနောင်မဟာမိတ် (၃)ဖွဲ့က ဒေနိ(အောက်တိုဘာလ ၂၈ ရက်)နိ ညဇာ ၄ နာရီ ၄၀မိနစ်မာထုတ်ပြန်လိုက်ရေ။
ထုတ်ပြန်ချက်ချက်အရ ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်မာ အောက်တိုဘာ ၂၇ရက်နိက ကျန်ခရေ စစ်ကောင်စီတပ်စခန်းတိကို ဒေနိ (အောက်တိုဘာလ ၂၈ ရက်)နိ၊ နိခင်း ၂နာရီလောက်မာ တခုမကျန် ယှင်းလင်းနိုင်ခရေလို့ သိရပါရေ။
ယင်းကြောင့် ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်မာ စစ်ကောင်စီတပ်စခန်း အားလုံး ကျဆုံးလားယာဖြစ်တေပိုင် စခန်းအားလုံးကို ညီနောင်မဟာမိတ်(၃)ဖွဲ့က ထိန်းချုပ်ထားယာလို့ ဆိုပါရေ။
၁၀၂၇ စစ်ဆင်ရီး ဒုတိယနိအဖြစ် စစ်ကောင်စီစခန်း ၄ ခုကို ဒေနိမာ ထပ်လို့ သိမ်းပိုက်ထားရေလို့ ဖော်ပြပါရေ။
တိုက်ပွဲတိအတွင်း စစ်ကောင်စီလီယာဥ်က လီထီးနန့် လာချပီးရေ စစ်အသုံး အဆောင်ပစ္စည်း၊ ရိက္ခာထုပ် (၁၀) ထုပ်စလုံးကိုလည်း တခုမကျန်သိမ်းဆည်းရမိထားရေလို့ ဆိုပါရေ။
ညီနောင်မဟာမိတ် (၃) ဖွဲ့အနီနန့် ၃ ဖွဲ့တည်းရာမက စစ်ဆင်ရီးနန့် ဟန်ချက်ညီလိုက်ပါ စစ်ဆင်ရီးဆင်နွှဲကတ်ဖို့ အဖွဲအစည်းတိနန့်တတူ သတ်မှတ်ထားရေစစ်ဆင်ရီးပစ်မှတ်တိကို ဆက်လက်တိုက်ခိုက်လားဖို့လို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။