APM ၊ ဂျန်နဝါရီ ၂၈ /၂၀၂၃
နိုင်ငံသားဥပဒေများကို ချိုးဖောက်မှုကြောင့် နီပေါနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် ရာဘီလာမီးရှာနီကို ရာထူးမှထုတ်ပယ်ကြောင်း နီပေါဗဟိုတရားရုံးက ဂျန်နဝါရီ ၂၇ ရက်နိတွင် ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။
လာမီးရှာနီသည် အယင်က အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားရာမှ ၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ကို စွန့်လွှတ်ခကေလေ့ နီပေါနိုင်ငံသား ဖြစ်ခွင့်အတွက် ပြန်လျှောက်ထားခြင်းမဟိ၍ ရာထူးမှထုတ်ပယ်ရန် တရားရုံးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဗဟိုတရားရုံးပြောခွင့်ရ ဘီမဲလ်ပိုဒဲလ် က လာမီးရှာနီသည် နီပေါနိုင်ငံသားမဟုတ်ဘဲ ရွီးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခသည့်အတွက် ရာထူးမှ ရပ်ဆိုင်းရန် ဗဟိုတရားရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ဌာနခွဲမှ ဆုံးဖြတ်ခ ခြင်းဖြစ်သည်ဟု ပြောကြားခသည်။
လာမီးရှာနီသည် အမျိုးသားလွတ်လပ်ရီးပါတီကို တည်ထောင်ခပြီး ကုန်ခသည့် ၂၀၂၂ ခုနှစ် နိုဗမ်ဘာလက ကျင်းပခသည့် ရွီးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခရာ ၎င်းပါတီသည် အောက်လွှတ်တော်မှ နီရာ ၂၀ အနိုင်ရခ၍ ဒုတိယ ဝန်ကြီးချုပ်နန့် ပြည်ထဲရေးဝန်ကြီး ရာထူးကို ရယူထားခခြင်းဖြစ်သည်။
လက်ဟိတွင် အသက် ၄၈ နှစ်အရွယ် ရာဘီလာမီးရှာနီသည် နိုင်ငံမဲ့ဖြစ်လားပြီး ပုံမှန်နီပေါနိုင်ငံသား မှတ်ပုံတင် ကတ်ရဟိရန် ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
Source – Nepals Supreme Court has removed deputy PM Rabi Lamichhane from his post for violating citizenship laws
Photo – Rabi Lamichane facebook