APM၊နိုဗမ်ဘာ ၂၇/၂၀၂၃
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မာ မြို့သိမ်းတိုက်ပွဲတိဆင်နွဲဖို့လို့ ဗမာအမျိုးသားတော်လှန်ရီး တပ်မတော် – BNRA ၊ KNU /KNLA တပ်မဟာ (၆)တပ်ရင်း (၂၇) အထူးတပ်ဖွဲ (Special Forces)၊ Scarlet Revolution Forces ၊ The Youth Fighters နန့် Black Leopard Army ကျားသစ်နက်တပ်မတော်ရို့က ဒေနိ(နိုဗမ်ဘာ ၂၇ ရက်နိ) ပူးတွဲထုတ်ပြန်ကြေညာပါရေ။
ထုတ်ပြန်ချက်မာ” မိမိရို့စွာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မာစုစည်းလို့ စစ်အာဏာသျှင်စနစ်အမြစ်ဖြတ်ရီးနန့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရီး ဘုံသဘောတူညီချက်နန့် စစ်ကောင်စီတပ်တိကိုတရပ်စပ်ထိုးစစ်ဆင်ခြင်း၊ မြို့သိမ်းတိုက်ပွဲတိဆင်နွဲခြင်းတိကိုဆောင်ရွက်ဖို့ဖြစ်ကြောင်း ပြည်သူလူထုနန့် ဒေသတွင်းတော်လှန်ရီးအင်အားစုရို့ကို လေးစားစွာအသိပီးအပ်ပါရေ” လို့ဖော်ပြထားပါရေ။
ယေဇူးနန့် စစ်ကိုင်းတိုင်းယင်မာပင်ခရိုင်အတွင်း နီထိုင်ကတ်တေ ပြည်သူလူထုရို့အနီနန့်သတ်မှတ်ထားရေ စစ်ဆင်ရီး ဧရိယာအတွင်းက ဖီးလွတ်ရာသို့ ခေတ္တယှောင်ယှားပီးကတ်ဖို့ကိုလည်း ထုတ်ပြန်ချက်မာ အသိပီးထားပါရေ။
ယင်းအပြင် မဟာမိတ်တပ်ပေါင်းစုမာ မပါဝင်ရသိမ့်ရေ တော်လှန်ရီးတပ်ဖွဲ့ဝင်ရို့အနီနန့်အထက်မာ ဖော်ပြထားရေ ဘုံသဘောတူညီချက်ရို့ကို လက်ခံသဘောတူကေ ဖက်ဆစ်တပ်ကို အတူတကွလက်တွဲတိုက်ဝင်ဖို့ တိုက်တွန်းကြောင်းလည်း မဟာမိတ်တပ်ပေါင်းစု၏ ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။
အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်သားတိအနီနန် နိုဗမ်ဘာ ၂၆ ရက်နိကစလို့ ၁၀ ရက် အတွင်း အလံဖြူထောင်အလင်းဝင်ရောက်ကက်ဖို့နန့် စစ်အာဏာသျှင် ယန္တရားလည်ပတ်စီရီးအတွက် ဆောင်ရွက်နီကတ်တေ ဌာနအသီးသီးဟိ Non-CDM ဝန်ထမ်းတိအနီနန့် နိုဗမ်ဘာ ၂၆ ရက် နိကစလို့ ၁၀ ရက်အတွင်း အလုပ်ဌာနကို စွန့်ခွာပနာ နီရပ်ပြန်ကကတ်ဖို့လည်း တော်လှန်ရီးမဟာမိတ်တပ်ပေါင်းစုက တိုက်တွန်းထားပါရေ။