APM၊ အောက်တိုဘာ၂၇/၂၀၂၂
ရက္ခိုင့်ပင်လယ်ပြင်ကို စီထရန်မုန် တိုင်းဖြတ်ကျော်လားသည့် အောက် တိုဘာ၂၄ ရက်နိက လောင်းမှောက်ပြီးပင်လယ်ထဲ၌မျောပါလားခသည့် စစ်တွေမြို့နယ်မှ နောက်ထပ်မူဆ လင် လူငယ်တဦးကို ရခိုင်ရွာသား များက အသက်ကယ်တင်၍ မိသား စုထံသို့ အေနိ(အောက်တိုဘာ ၂၇ ရက်နိ)မှာ လွှဲအပ်လိုက်ကြောင်း သိရသည်။
အဆိုပါမူဆလင်လူငယ်မှာ စစ်တွေမြို့နယ်၊ပလ္လင်ပြင်တန်းအုပ်စု၊ အုန်း တောကြီးရွာ(ကယ်ဆယ်ရီးစခန်း)မှ အဖဦးမာမတ်ချော်ဖီ၏သား ကိုဇာလာမောက်(၂၅-နှစ်) ဖြစ်သည်။
ကိုဇာလာမောက်သည် တရွာတည်းနီ ဦးမာမောက်ကာဆိမ်းနန့်တတူ အောက်တိုဘာ၂၂ ရက်နိ၌ စက်တပ် လောင်းချေတစီးဖြင့် ပလ္လင်ပြင်ရွာ ၏ အနောက်ဖက် ပင်လယ်ထဲသို့ ငါးရှာထွက်လာကတ်ရာ စက်ပျက်လားခသဖြင့်ပင်လယ်၌ ၂ ရက်ကြာ မျောနီခပြီး အောက်တိုဘာ ၂၄ ရက်နိရောက်ခါ မုန်တိုင်းကြောင့်လောင်းမှောက်၍ပင်လယ်ထဲသို့မျောပါလားခြင်းဖြစ်သည်။
ကိုဇာလာမောက်ကို အောက်တိုဘာ ၂၄ ရက်နိ ညဇာ ၅ နာရီခန့်တွင် မောင်တောမြို့နယ်၊ အင်းဒင်ရွာ သားများကကယ်တင်ခပြီး ဘာသာ၊လူမျိုးမခွဲခြားဘဲ စေတနာအပြည့် အဝဖြင့် ကောင်းမွန်စွာ ပြုစုစောင့် ယှောက်ကာ ဒေနိ(အောက်တို ဘာ၂၇ရက်နိ)တွင် မိသားစုထံ အပ်နှံပီးလိုက်ကြောင်းသိရသည်။
ယင်းအပြင် ကိုဇာလာမောက်နန့်အတူ ပါလာပြီး လောင်းမြုပ်၍ ပင်လယ်ထဲ မျောပါလားခသူ ဦးမာမောက်ကာဆိမ်းကို အောက်တို ဘာ ၂၄ ရက်နိ၊ မိုးထ ၉ နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ရွာနား ပင်လယ်ကမ်းစပ်၌ ဒုံးပိုက်ရွာသားတယောက်က ကယ်တင်ခပြီး၊ အကောင်းမွန်ဆုံး ပြုစုစောင့်ယှောက်ကာ အောက်တိုဘာ ၂၅ ရက်နိ၌ သက်ဆိုင်ရာ မိသားစုများထံသို့ ပို့ဆောင်ပီးခကြောင်းလေ့ သိရပါ သည်။