
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်
ရက္ခိုင်ပြည်သူ့အစိုးရ၏ တရားဥပဒေရီးရာဌာနသည် အာရက္ခပြည်သူပြည်သားရို့၏ တရားရီး၊ ဥပဒေရီးရာနန့်သက်ဆိုင်သော အမှုအခင်းကိစ္စရပ်များ၊ ရပ်ရွာ၊ မြို့နယ်များအတွင်း ဖြစ်ပွားနီသော ပြဿနာများကို အချိန်နန့်တဗြီးညီ တိုင်ကြားနိုင်ရန်၊ အမှုအခင်းပြဿနာများကို အမြန်ဆုံးဖြေယှင်းပီးနိုင်ရန်၊ ပြည်သူ့အသံများကို နားထောင်နိုင်ရန်၊ အမှုသည်များနန့် တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် မြီပြင်တွင် သက်ဆိုင်ရာ နီမြီအလိုက် တာဝန်ခံများထားဟိပြီး ရုံးများဖွင့်လှစ်၍ အမှုများစစ်ဆီးပီးခြင်းဖြင့် တရားဥပဒေရီးရာဌာနအား အကောင်းဆုံးလည်ပတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ဟိပါသည်။ ထို့အပြင် အမှုအခင်းများကို Online မှတဆင့် တိုက်ရိုက်တိုင်ကြားနိုင်ရန်အတွက် Justice For Arakan အမည်ဖြင့် Telegram Account တခုကိုဖွင့်ပြီး တရားဥပဒေရီးရာဝန်ဆောင်မှုများကိုလည်း အယင်ကပီးခပါသည်။
သို့သော်လည်း ယင်း Justice For Arakan အမည်ဟိ Telegram Account မှာ ၂၀၂၂ ခုနှစ်၊ ဩဂတ်စ်လ (၂၁) ရက်နိမှစ၍ နည်းပညာပိုင်းဆိုင်ရာ မတော်တဆချို့ယွင်းမှုကြောင့် ၎င်း Telegram Account ကို နှစ်လကျော် သုံးစွဲခြင်းမဟိဘဲ ရပ်နားထားခပါသည်။ အဂုအချိန်မှာ မိမိရို့ တရားဥပဒေရီးရာဌာန မှ Justice For Arakan အမည်ဖြင့် Telegram Account အကောင့်သစ်တခုကို ဒေနိ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နိတွင် အသစ်ထပ်မံ ဖွင့်လှစ်ထားဗျာယ်ဖြစ်၍ အယင်ကကဲ့သို့ ပြန်လည်တိုင်ကြားနိုင်ဗျာယ်ဖြစ်ပါသည်။
မိဖပြည်သူများအနီဖြင့် Justice For Arakan အကောင့်၏ Username: @justice4arakan ကို Telegram တွင် အလွယ်တကူ ရိုက်နှိပ်ရှာဖွေနိုင်ပြီး မိမိရို့ တရားဥပဒေရီးရာဌာနသို့ တိုက်ရိုက်ဆက်သွယ်ကာ အမှုများကို တိုင်တန်းနိုင်သည့်အပြင် Email: arakan.jus@protonmail.com မှ တဆင့်လေ့ တိုင်တန်းနိုင်ဗျာယ်ဖြစ်ပါကြောင်း လေးစားစွာအသိပီးအပ်ပါသည်။
တရားဥပဒေရီးရာဌာန
ရက္ခိုင်ပြည်သူ့အစိုးရ
Telegram Account: Justice For Arakan (Username: @justice4arakan)
Email: arakan.jus@protonmail.com
VK: https://vk.com/justiceforarakanland
Twitter: Justice For Arakan (Username: @justice4arakan)


