APM ၊ အောက်တိုဘာ ၂၇/၂၀၂၂
စစ်တွေမြို့ ပွိုင့်ကမ်းခြီတွင်ရီကူးစဉ်နစ်မြုပ်ပျောက်ဆုံးခရသူ (၄)တန်းကျောင်းသားချေ ၃ ယောက်အနက်မှ နောက်ဆုံးကျန်ဟိနီသည့် မောင်အောင်လင်းသူ၏ ရုပ်အလောင်းကို ဒေနိ(အောက်တိုဘာ ၂၇ ရက်နိ) ညဇာ ၅ နာရီခန့်၌ သဂြိုလ် ပြီးစီးကြောင်းသိရသည်။
ပျောက်ဆုံးနီခသည့် ကျောင်းသား ချေ ၃ ယောက်မှာ စစ်တွေမြို့၊ ဘုမေ စစ်တွေတက္ကသိုလ် လေးထပ်ဆောင်မှ မောင်ဇွဲဘုန်းခန့် ၊ပြည်တော်သာရပ်ကွက်မှ မောင် ဟိန်းထက်ဝင်းနိုင်နန့် မောင်အောင်လင်းသူရို့ဖြစ်ကတ်ပြီး အောက်တိုဘာ ၂၂ ရက်နိတွင် ကဇတ်ရန် စက်ဘီးတစီးနန့် အိမ်မှထွက်လားပြီးနောက် ပျောက်ဆုံးလားခကတ်ခြင်းဖြစ် သည်။
ယင်းကျောင်းသားချေ ၃ ယောက်အနက်မှ မောင်ဇွဲဘုန်းခန့် နန့် ဟိန်းထက်ဝင်းနိုင်ရို့ကို အောက်တိုဘာ ၂၄ ရက် နိက ရှာဖွီတွိဟိခပြီး၊ယင်းနိမှာပင် မီးသဂြိုလ်ခသည်။
နောက်ဆုံးကျန်ဟိနီသည့် မောင်အောင်လင်းသူ၏ ရုပ်အလောင်းကို ဒေနိ အောက်တိုဘာ ၂၇ ရက် မိုးထ ၁၁ နာရီ ၄၀ မိနစ်မှာ ကျေးတောပိုက်ဆိပ်နန့် ကျေးတောရွာမအကြား ပြားတောမှာ ရှာဖွီတွိဟိခပြီး ဒေနိ ညဇာ ၅ နာရီခန့်က သဂြိုလ်ပြီးစီးခသည်ဟု သိရပါသည်။