APM၊ စပ်တမ်ဘာ ၂၇ / ၂၀၂၃
ထိုင်းနိုင်ငံမာ ဩဇာကြီးမားရေ ဘုရင်စနစ်ကို ပြုပျင်ပြောင်းလဲဖို့ တောင်းဆိုမှုကြောင့် တက်ကြွလှုပ်ယှားလူ ရှိနီတယောက် ကို စပ်တမ်ဘာ ၂၆ ရက်နိက ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်ပါရေ။
ထောင်ချခံရရေ ရှိနီစွာ အသက် ၃၉ နှစ်အရွယ် အာနွန်နမ်ပါဖြစ်ပြီးကေ သူ့ကို ၂၀၂၀ ခုနှစ်က ဒီမိုကရေစီလိုလားရေ ဆန္ဒပြပွဲ တိအတွင်း ဦးဆောင်မှုကြောင့် တော်ဝင်မိသားစုကို စော်ကားမှုဥပဒေနန့် ထောင်ဒဏ်ချမှတ်လိုက်စွာဖြစ်ပါရေ။
အာနွန်နမ်ပါစွာ ထိုင်းဘုရင်နန့် တော်ဝင်မိသားစုကို မဝေဖန်ရဆိုပနာ ကာကွယ်ပီးထားရေ ဥပဒေကို ပြုပျင်ပြောင်းလဲဖို့ တောင်းဆိုရေ ယှားယှားပါးပါး တက်ကြွလှုပ်ယှားလူတယောက်ဖြစ်ပါရေ။
အာနွန်ကို ဘန်ကောက်မြို့ ရာဇ၀တ်ခုံရုံးက ဒီမိုကရေစီလိုလားရေဆန္ဒပြပွဲအတွင်း မိန့်ခွန်းပြောစွာမာ တော်ဝင်မိသားစုကို စော်ကားမှုလုပ်တေ စွပ်စွဲချက်နန့် ထောင်ဒဏ်ချမှတ်ခစွာပါ။
အာနွန်စွာ ဆန္ဒပြပွဲကို ဦးဆောင်မှုကြောင့် ယင်းအချိန်က ထုတ်ပြန်ထားရေ အရေးပေါ်အမိန့်ကို ဖောက်ဖျက်မှုနန့်လည်း ဘတ် ၂၀,၀၀၀(အမေရိကန်ဒေါ်လာ ၅၅၀) ဒဏ်ရိုက်ခံခရပါသိမ့်ရေ။
Source – Top Thai activist Arnon jailed four years for royal insults
Photo – Reuters