APM ၊ စပ်တမ်ဘာ ၂၇ / ၂၀၂၃
ရက္ခိုင်မာ စပ်တမ်ဘာ ၂၆ ရက်နိတရက်တည်းအတွင်း မိုးကြိုးပစ်ခံရလို့ လူတယောက်သီဆုံးလားပြီးကေ ၃ ယောက် ထိခိုက်ဒဏ်ရာရလားရေလို့ သိရပါရေ။
သီဆုံးလားလူမာ ကျောက်တော်မြို့နယ်က အမျိုးသားတယောက်နန့် ဒဏ်ရာရလားလူမာ တောင်ကုတ်မြို့နယ်က အမျိုးသား ၃ ယောက်ဖြစ်ကတ်ကြောင်းစုံစမ်းသိဟိရပါရေ။
ကျောက်တော်မြို့နယ်က သီဆုံးလားလူမာ ဘိုမင်းရွာက ဦးမောင်စံကျော်(၅၂ နှစ်) ဖြစ်ပြီးကေ ဦးမောင်စံကျော်စွာ လယ်ကွင်းသို့ မြက်ရိတ်လားခါ မိုးကြိုးပစ်ခံရပနာ နီရာမာပင် ပွဲချင်းပြီး သီဆုံးပါရေ။
တောင်ကုတ်က ဒဏ်ရာရလားလူ ၃ ယောက်မာတော့ သိမ်တောင်ရပ်ကွက်က ဦလှမျိုး(၅၉နှစ်)၊ကံပိုင်ရပ်ကွက်ကဦးမျိုးလေး (၄၆နှစ်) နန့် ကိုင်းရှည်ရပ်ကွက်က အမျိုးသားတယောက်ဖြစ်ကြောင်းစုံစမ်းသိဟိရပါရေ။
ဦးလှမျိုး၊ ဦးမျိုးလေးအပါအဝင် တောင်ကုတ်က ၃ ယောက်ကတော့ တောင်ကုတ်မြို့နယ် မီးချောင်းထိုးရွာနားမာ အလုပ်လုပ်နီခါ မိုးကြိုးပစ်ခံခရစွာဖြစ်ပါရေ။
ယင်းမိုးကြိုးပစ်ခံရမှုကြောင့် ၃ ယောက်စလုံးဒဏ်ရရလားပနာ တောင်ကုတ်ပြည်သူ့ဆီးရုံးကြီးမာ အရေးပေါ် ဆီးကုသမှုခံယူနီရရေလို့ သိရပါရေ။
ကုန်ခရေ စပ်တမ်ဘာ ၁၅ နိကလည်း မိုးကြိုးပစ်ခံရလို့ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်ကအမျိုးသမီးတယောက် သီဆုံးလားပြီးကေ ၂ ယောက်ဒဏ်ရာရလားခရပါသိမ့်ရေ။
APM ကကောက်ယူရဟိထားရေ အချက်အလတ်တိအရ ဒေနှစ်မိုးရာသီအတွင်း ရက္ခိုင်ပြည်မြို့နယ်အသီးသီးမာ မိုးကြိုးပစ်ခံရလို့ သီဆုံးလူ စုစုပေါင်း ၁၇ ယောက်ထက်မနည်းဟိကြောင်း သိဟိရပါရေ။
Photo – Original Uploader