APM ၊ စပ်တမ်ဘာ ၂၇ / ၂၀၂၃
တောင်ကုတ်တက္ကသိုလ်အနားမာ ပစ္စည်းလုယက်ပနာ ရက်ရက်စက်စက် သတ်ဖြတ်ခံခရရေ တောင်ကုတ်ဒေသခံ ဦးစံသိန်းအောင်အမှုက နောက်ထပ် သံသယတရားခံတယောက်ကို စပ်တမ်ဘာ ၂၆ ရက်နိမာ ထပ်လို့ ဖမ်းဆီး ရမိခရေလို့သိရပါရေ။
ဖမ်းဆီးရမိခရေလူစွာ မြန်မာစစ်တပ်က တပ်သား ကောင်းမြတ်အောင်ဆိုလူဖြစ်ပြီးကေ သီဆုံးလားလူ ဦးစံသိန်းအောင်၏ ဆိုင်ကယ်နန့်အတူ ဖမ်းဆီးရမိခစွာဖြစ်ပါရေ။
သီဆုံးသူ ဦးစံသိန်းအောင် (၄၅ နှစ်) စွာ ဂျူလိုင် ၃၀ ရက်နိက မီးချောင်းထိုးကျေးရွာဟိ သူပိုင်ဆိုင်ရေ ကြက်ခြံကနီ ကိုင်းရှည်ရပ်ကွက်က နီအိမ်သို့ပြန်လာရေလမ်းမာ ပစ္စည်းလုယက်ပနာ ရက်ရက်စက်စက် သတ်ဖြတ်ခံခရစွာဖြစ်ပါရေ။
ယင်းဖြစ်စဉ်ထဲက သံသယတရားခံတယောက်ဖြစ်သူ မြန်မာစစ်တပ် တပ်သား ကိုဝင်းထွဋ်လွင်ကို ဂျူလိုင် ၃၁ ရက်နိက သီဆုံးသူ ဦးစံသိန်းအောင်၏ လက်ကိုင်ဖုန်းနန့်အတူဖမ်းဆီးရမိခပြီးနောက် ဒေဂုနောက်ထပ်သံသယတရားခံ တယောက်ထပ်ဖမ်းဆီးရမိခစွာဖြစ်ပါရေ။
ဖမ်းဆီးရမိရေ သံသယတရားခံနှစ်ယောက်စလုံးစွာ တောင်ကုတ်အခြီစိုက်မြန်မာစစ်တပ် ခမရ (၃၄၆) တပ်ရင်းက တပ်ဖွဲ့ဝင်တိဖြစ်ရပါရေ။
လက်ဟိ ဦးစံသိန်းအောင် သီဆုံးမှုနန့်ပတ်သတ်လို့ တရားခံတိကို အယင်ဆုံး စစ်ဆီးဆောင်ရွက်ပနာ ပွင့်ပွင့် လင်းလင်းနန့် တရားမျှတမှုဟိအောင် ပြစ်ဒဏ်စီရင်ပီးဖို့ မိသားစုဝင်တိက လိုလားနီကတ်တေလို့သိရပါရေ။