
APM ၊ စပ်တမ်ဘာ ၂၇ / ၂၀၂၃
ပေါက်တောမြို့နယ်မာ စပ်တမ်ဘာ ၂၆ ရက်နိညည့် ၁၂ နာရီခွဲက လူနီအိမ်တဆောင် မီးလောင်ပနာ လူငယ်တယောက် ထိခိုက် ဒဏ်ရဟိလားရေလို့ သိရပါရေ။
ဒဏ်ရာရဟိလားရေလူစွာ ပေါက်တောမြို့နယ်၊ ပြွန်ခေါင်ရွာက အဖဦးနီသာထွန်း၏သား အသက် ၁၉ နှစ်အရွယ် မောင်ထွန်းစိုးနိုင်ဖြစ်ပါရေ။
မီးလောင်လားရေ အိမ်စွာ ဦးဌေးမြင့်ဆိုရေ လူ၏ အိမ်ဖြစ်ပနာ လက်ဟိဦးဦးဌေးမြင့်စွာ တောင်ကုတ်ဖက်ကို အလုပ်လားလုပ်နီစွာဖြစ်ပါရေ။
ယင်း အိမ်မာ လူမဟိလို့ မောင်ထွန်းစိုးနိုင်ရို့ သူငယ်ချင်း ၃ ယောက်လားအိပ်နီကတ်စွာဖြစ်ပါရေ။
စပ်တမ်ဘာ ၂၆ ရက်နိညဇာက မောင်စိုးထွန်းနိုင်စွာ အရက်စကေသောက်ပြီးကေ အိပ်လားပြီးနောက် ညည့် ၁၂ နာရီခွဲလောက်မာ ဆီးလိပ်ထသောက်ရာက မီးလောင်မှုဖြစ်ပွားခစွာလို့ ဆိုပါရေ။
မီးလောင်မှုကြောင့် အိမ်တဆောင်လုံး ပြာကျလားပြီးကေ ကျန်လူနှစ်ယောက်ထွက်ဗြီးလားနိုင်ခကေလေ့ မောင်ထွန်းစိုးနိုင်မာ ခြီ ၂ချောင်းနန့် ညာဖက်လက် မီးလောင်ဒဏ်ရာရလားပနာ ဒေနိ(စပ်တမ်ဘာ ၂၇ ရက်နိ) မိုးထက ပေါက်တောဆီးရုံးကြီးသို့ ဆီးကုဖို့ ပို့ဆောင်လိုက်ရရေလို့ သိဟိရပါရေ။
