APM၊ စပ်တမ်ဘာ ၂၇/ ၂၀၂၃
ကမ္ဘာတဝန်း လက်နက်ကိုင် ပဋိပက္ခအများဆုံး နိုင်ငံ ၅၀ ထဲမာ မြန်မာပြည်စွာ အဆင့် (၁)ထိပ်ဆုံးက ရပ်တည်နီကြောင်း လက်နက်ကိုင် ပဋိပက္ခတည်နီရာနန့် အဖြစ်အပျက်ဒေတာစီမံကိန်း(ACLED) က ထုတ်ပြန်ထားရေ အညွှန်းကိန်းသတ်မှတ်ချက်အရ သိရပါရေ။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခအများဆုံးနိုင်ငံ ၅၀ ကို ကုန်ခရေ ၂၀၂၂ ခုနှစ်၊ ဂျူလိုင်လကနီ ၂၀၂၃ ခုနှစ်၊ ဂျူလိုင်လအထိ ၁၂ လအတွင်း စုဆောင်းထားရေ နိုင်ငံရီးအကြမ်းဖက်မှုတိကို ခွဲခြမ်းစိတ်ဖြာခြင်းအပေါ် အခြီခံပနာ အဆင့်သတ်မှတ်ထားစွာဖြစ်ပါရေ။
ယင်းပိုင် အဆင့်သတ်မှတ်တေခါ ကမ္ဘာမာ လက်နက်ကိုင်အုပ်စုအများဆုံးနန့်တတူ မြန်မာပြည်စွာ ပဋိပက္ခအများဆုံး နိုင်ငံအဖြစ် ထိပ်ဆုံးမာဟိနီပြီးကေ ဒုတိယ ဆီးရီးယားနန့် တတိယ မက္ကဆီကိုရို့ ဟိနီပါရေ။
အလားတူ ယူကရိန်း၊ နိုင်ဂျီးရီးယား၊ ဘရာဇီး၊ ယီမင်၊ အီရတ်၊ ကွန်ဂိုနန့် ကိုလံဘီယာနိုင်ငံရို့စွာ အဆင့် (၁၀) အတွင်းမာ ဟိနီပြီးကေ အဆိုပါ ၁၀ နိုင်ငံစွာ ပဋိပက္ခအများဆုံးနန့် နိုင်ငံရီးအကြမ်းဖက်မှု အများဆုံးနိုင်ငံတိဖြစ်တေလို့ ဖော်ပြထားပါရေ။
ယင်းအပြင် အဆင့် (၂၂)မာ ဘင်္ဂလားဒေ့ချ်နိုင်ငံနိုင်ငံ၊ အဆင့် (၁၃) မာ အာဖဂန်နစ္စတန်၊ အဆင့် (၁၆) မာ အိန္ဒိယနိုင်ငံ၊ အဆင့် (၁၉) မာ ပါကစ္စတန်၊ အဆင့် (၂၈)bမာ ဖိလစ်ပိုင်နိုင်ငံရို့ပိုင် အာသျှနိုင်ငံတိပါဝင်နီပြီး အမေရိကန်ကတော့ အဆင့် (၅၀) မာ ဟိနီပါရေ။
ယင်း ၁၂ လတာ ကာလအတွင်း ကမ္ဘာတဝန်း နိုင်ငံရီးအကြမ်းဖက်မှု ၁၃၉,၀၀၀ ကျော် ဖြစ်ပွားခပြီးကေ အကြမ်းဖက်မှုတိ အတွင်း လူပေါင်း ၁၄၇,၀၀၀ ကျော် သီဆုံးခရေလို့ ဆိုပါရေ။
အကြမ်းဖက်တိထဲက ၉၇ ရာခိုင်နှုန်းစွာ လက်နက်ကိုင် ပဋိပက္ခအများဆုံး နိုင်ငံ ၅၀ ထဲမာ ဖြစ်ပွားခစွာလို့ သိဟိရပါရေ။
Source – Top 50 conflict-ridden countries
Photo – ACLED