
APM ၊ ဩဂတ်စ် ၂၇ / ၂၀၂၃
ရိုးမားအသင်းသည် လေဗာကူဆင်အသင်းမှ တိုက်စစ်မှုး ဆားဒါး အက်ဇူမွန်ကို တရာသီအငှား ယူရို ၁၂ သန်းဖြင့် တရားဝင် ခေါ်ယူလိုက်ကြောင်း ဩဂတ်စ်၂၆ ရက်နိတွင် ကြေညာသည်။
“ဒေဂုပိုင် ရိုးမားအသင်းမှာ ကဇတ်ခွင့်ရလို့ ဝမ်းသာပါရေ ။ ကလပ်အသင်းမှာ ပွဲထွက် ကဇတ်ခွင့်ရဖို့ ဖြစ်လိုလည်း စိတ်လှုပ်ယှားမိပါရေ ။ကျနော့်အနီနန့် အောင်မြင်မှုတိအများကြီးရအောင် ကြိုးစားလားပါဖို့ ၊ ကျနော့် လုပ်နိုင်စွမ်းတိကို ပြသဖို့အ တွက်မျှော်လင့်ချက်အပြည့်နန့် ရိုးမားအသင်းကို ရောက်လာစွာပါ ဟု အက်ဇူမွန်ကပြောကြားခသည်။
အက်ဇူမွန်သည် အသင်းသစ် ရိုးမားတွင်ကျောနံပတ် ၁၇ ကိုဝတ်ဆင်ရမည်ဖြစ် သည်။
ရိုးမားအသင်းတွင် အက်ဇူမွန်အပြင် ပါရေဒက်စ် ၊ ရီနာတိုဆန်းချက်စ် ၊ ဟူစိန် အာဝါ ၊ ရက်စမတ် ခရစ္စတန်ဆန် ၊ အီဗန် အန်ဒီကာ ရို့ကိုပါ ခေါ်ယူထားသည်။
အသက် ၂၈ နှစ်အရွယ် အာဇူမွန်သည်လေဘာကူဆန်အသင်းတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နှစ်ရာသီကြာ ကာလအတွင်း ပွဲပေါင်း ၄၄ ပွဲကဇတ်ခရာ ၅ ဂိုးသွင်းယူပီးခသည်။
Source – AS Roma is delighted to confirm the signing of Iranian international Sardar Azmoun on an initial loan deal
Photo – AS Roma
