
APM၊ ဩဂတ်စ် ၂၇/ ၂၀၂၃
ကိုဗစ်ဖြစ်ချိန်မှစ၍ ကိုဗစ်ကန့်သတ်ချက်များ ပြင်းပြင်းထန်ထန်ချထားခသည့် မြောက်ကိုရီးယားသည် ပထမဆုံးအကြိမ် အဖြစ် နိုင်ငံရပ်ခြားတွင်ရောက်နီသည့် ၎င်း၏နိုင်ငံသားများကို ဒေနိ(ဩဂတ်စ် ၂၇ရက်)နိတွင် ပြည်ဝင်ခွင့်ပီးလိုက်ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန(KCNA)တွင် ဖော်ပြချက်အရ နိုင်ငံရပ်ခြားတွင်ရောက်ဟိသည့် နိုင်ငံသားများကို ပြည်ဝင်ခွင့်ပီးပြီး ပြန်ရောက်လာလူများကို ဆီးဖက်ဆိုင်ရာစောင့်ကြည့်မှုအဖြစ် တပတ်ကြာ သီးသန့်ခွဲထားမည်ဟု ဆိုသည်။
အဆိုပါ ကြေညာချက်ကြောင့် တရုတ်နိုင်ငံနန့် ရုသျှနိုင်ငံရို့တွင် အများဆုံးဟိနီသည့် မြောက်ကိုရီးယားကျောင်းသား၊ အလုပ် သမားများနန့် တခြားနိုင်ငံများမှ မြောက်ကိုရီးယားလူမျိုးများ နီရပ်ပြန်လားနိုင်ကြောင်း ခန့်မှန်းနီကတ်သည်။
မြောက်ကိုရီးယားသည် နိုင်ငံတွင်းကိုဗစ်ရောဂါ စဖြစ်သည့်နောက် နိုင်ငံတကာ သံတမန်များကို နှင်ထုတ်ကာ ခရီးလားများ ကို ပိတ်ပင်ခပြီး နိုင်ငံရပ်ခြားဟိ ၎င်း၏နိုင်ငံသားများကို ပြည်ဝင်ခွင့်ပိတ်ပင်ခရာ နိုင်ငံ၏ စီးပွားရီးအခက်အခဲများနန့် စားနပ်ရိက္ခာ မလုံခြုံမှုကို ပိုမိုဆိုးရွားစီခသည်။
တောင်ကိုရီးယားထောက်လှမ်းရီးအေဂျင်စီတခုက မြောက်ကိုရီးယားသည် ၎င်း၏စီးပွားရီးပြန်လည်ရှင်သန်လာစီရန် ကြိုးပမ်းမှု အနီနန့် နယ်စပ်များကို ဖြည်းဖြည်းချင်းဖွင့်ရန် ပြင်ဆင်နီကြောင်း ဒေဂုလအစောပိုင်းက ပြောကြားခသည်။
Source – North Korea to allow its citizens abroad to return home, a sign of further easing of pandemic curbs
Photo – AP
