
APM ၊ ဂျူလိုင် ၂၇ / ၂၀၂၃
၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (E) ဒုတိယပွဲစဥ်အဖြစ် လက်ဟိချန်ပီယံ အမေရိကန်အသင်း နန့် နယ်သာလန်အသင်းရို့ ဒေနိ(ဂျူလိုင် ၂၇ ရက်) နိ မိုးထက အကြိတ်အနယ် ယှဉ်ပြိုင်ခရာ တဖက် ၁ ဂိုးစီသရေကျ၍ ရမှတ်တူ ၄ မှတ်စီဖြင့် ဇယားအထက်အောက် ရှိဆင့်နောက်ဆင့် ရပ်တည်နီကြောင်း သိရသည်။
နယ်သာလန်အတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ၁၇ မိနစ်မှာ မန်စီးတီးကွင်းလယ်ကဇတ်သမား ဂျေးလ်ရိုးဒ် က သွင်းယူခပြီး ဒုတိယပိုင်း ၆၂ မိနစ်တွင် အမေရိကန်အတွက် ချီပဂိုးကို အသင်းဂေါင်းဆောင် လင်ဆေး ဟောရန် က သွင်းယူခသည်။
ဒေနိပွဲမှာ ကျတော်ရို့ လိုချင်ရေပုံစံအတိုင်း မကဇတ်နိုင်ခကေလေ့ ပွဲကောင်းတပွဲဖြစ်ခပါရေ ဟု အမေရိကန်နည်းပြ ဗလာတ်ကို အန်ဒိုနော့ဗ်စကီးက ပြောကြားသည်။
ယင်းနည်းတူ နယ်သာလန်နည်းပြ အန်ဒရီ ဂျိုကာ ကလေ့ ဒေပြိုင်ပွဲတိုင်းက ပထမစက္ကန့်ကနီ နောက်ဆုံးအထိ စစ်ပွဲနန့်တူပါရေ။ ကျနော်ရို့ အနိုင်ရခချင်ကေလေ့ ဒုတိယပိုင်းမှာ အမေရိကန်က အားကောင်းလာပါရေ ဟု ဆိုသည်။
အမေရိကန်သည် အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် သြဂတ်စ် ၁ ရက်နိတွင် ပေါ်တူဂီ နန့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နယ်သာလန်လေ့ ယင်းနိမှာပင် ဗီယက်နမ် နန့် ယှဉ်ပြိုင်ကဇတ်ရမည် ဖြစ်သည်။
Source- American vs. Netherlands draw. The score is the same/Reuters
Photo- The Straits Times
