
APM၊ ဂျူလိုင် ၂၇ / ၂၀၂၃
အနောက်အာဖရိကနိုင်ငံတနိုင်ငံဖြစ်သည့် နိုင်ဂျာနိုင်ငံတွင် ဂျူလိုင် ၂၆ ရက်နိက မြို့တော်နီယာမေးဟိ သမ္မတအိမ်တော်၌ နိုင်ဂျာ သမ္မတ မိုဟာမက်ဘဇိုမ်ကို စစ်သားများက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး စစ်အာဏာ သိမ်းကြောင်း ကြေညာသည်။
သမ္မတကို ထိန်းသိမ်းပြီးနောက် နိုင်ငံပိုင်အမျိုးသားရုပ်မြင်သံကြားတွင် စစ်သား ၁၀ ယောက်ပေါ် လာပြီး လုံခြုံရီးအခြေအနီနန့် ညံ့ဖျင်းသည့် အုပ်ချုပ်ရီးကြောင့် အစိုးရကို ရာထူးမှရပ်တန့်ရန် ဆုံးဖြတ်လိုက်ကြောင်း ယင်းအထဲမှ ဗိုလ်မှူးကြီး အမ်မဓူ အက်ဒရာမီက ကြေညာချက်တစောင်ကို ဖတ်ပြခသည်။
အဆိုပါကြေညာချက်တွင် နိုင်ငံ၏ အဖွဲ့အစည်းအားလုံးကို ဆိုင်းငံ့လိုက်ပြီး အစိုးရလုပ်ငန်းများကို ဝန်ကြီးဌာနများ၏ အတွင်းရီးမှူးချုပ်များက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကာကွယ်ရီးနန့် လုံခြုံရီးတပ်ဖွဲ့ဝင်များက အခြေအနီကို ထိန်းသိမ်းလားမည်ဖြစ်ကြောင်းနန့် ပြည်ပနိုင်ငံများအနီနန့် နိုင်ငံရီးတွင် ဝင်ရောက်မစွက်ဖက်ရန် ဖော်ပြပါဟိသည်။
အာဖရိကသမဂ္ဂကော်မသျှင်နန့် အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရီးအသိုက်အဝန်း (ECOWAS) အဖွဲ့များက အဆိုပါ အာဏာသိမ်းမှုကို ကွန့်ကွက်ရှုံ့ချကြောင်းနန့် သမ္မတကို ပြန်လွှတ်ပီးရန် တိုက်တွန်းထားသည်။
အလားတူ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နန့် ကုလသမဂ္ဂ အတွင်းရီးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလေ့ သမ္မတ မိုဟာမက်ဘဇိုမ်ကို ဒီမိုကရေစီနည်းကျတင်မြှောက်ထားသည့် ရွီးကောက်ခံသမ္မအဖြစ် ထောက်ခံပြီး အမြန်ဆုံးပြန်လွှတ်ပီးရန် တောင်းဆိုခကတ်သည်။
နိုင်ငံဧရိယာ၏ သုံးပုံနှစ်ပုံမှာ သဲကန္တာရဖြစ်ပြီး လူသားဖွံ့ဖြိုးမှုညွှန်းကိန်း၏အောက်ခြီတွင် အမြဲဟိနီသည့် နိုင်ဂျာနိုင်ငံသည် အမျိုးသမီးတယောက်စီ အချေ ၇ယောက် မွီးဖွားနှုန်းနန့် လူဦးရေ ၂၂.၄သန်းဟိသဖြင့် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံနီရသကဲ့သို့ အိမ်နီးချင်းမာလီနိုင်ငံမှ ဝင်ရောက်လာသည့် ဂျီဟတ်ဝါဒီ လက်နက်ကိုင်အဖွဲ့များ၏ စိန်ခေါ်မှုကိုပါ ရင်ဆိုင်နီရခြင်းဖြစ်သည်။
Source Niger soldiers announce coup and presidents removal on national TV
Photo – Reuters
