APM၊ ဂျူလိုင် ၂၇/၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်စစ်ဖီးယှောင်စခန်းတွင် လက်ဟိ၌ စားနပ်ရိက္ခာများအရေးတကြီး လိုအပ်နီကြောင်း သိရပါသည်။
ယိုးတရုပ်စစ်ဖီးယှောင်စခန်းဟိ စစ်ဖီးယှောင်များမှာ ကုန်ခသည့် တကျော့ပြန်တိုက်ပွဲကာလများအတွင်း မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နီရပ်စွန့်ခွာလာခရသူများဖြစ်သည်။
မုန်တိုင်းကြောင့် ယင်းစစ်ဖီးယှောင်စခန်းဟိ ယာယီနီအိမ်များမှာ ပျက်စီးခရပြီးနောက် လက်ဟိတွင် တာပေါ်လင်စဖြင့် ယာယီဆောက်လုပ်ထား၍ နီထိုင်ရီးစကေအဆင်ပြေကေလေ့ စားဝတ်နီရီးကတော့ အကြီးအကျယ် အခက်ကြုံနီကတ်ရကြောင်း စစ်ဖီးယှောင်များက ပြောသည်။
အကူအညီများလာရောက်လှူဒါန်းမှု နည်းပါးသည့်အပြင် အလုပ်အကိုင်ယှားပါး၍လေ့ စစ်ဖီးယှောင်များ ပို၍ အခက်ကြုံနီကတ်ရပြီး တချို့လူဦးရေများသည့် မိသားစုများဆိုလျှင် ပို၍ ဒုက္ခဖြစ်ကတ်ရသည်ဟုဆိုသည်။
အဆိုပါ ယိုးတရုပ်စစ်ဖီးယှောင်စခန်းတွင် လူဦးရေ ၂၈၉ ယောက်ဟိပြီး အများစုမှာ ပုဏ္ဏားကျွန်းမြို့နယ်နန့် ကျောက်တော်မြို့နယ် ချောင်းတူ၊ ရွက်မညှိုးတောင်၊ ဘုတ္တော၊ ဒေးဝန်း၊ ကွမ်းအုံစု စသည့် ကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း သိရသည်။