APM ၊ ဂျူလိုင် ၂၇ / ၂၀၂၃
မြေပုံမြို့နယ်၌ ဟွန်ဒါမြုပ်၍ ပျောက်ဆုံးနီသည့် မင်းပြားဒေသခံအမျိုးသမီးနှစ်ယောက်ကို ဒေနိ (ဂျူလိုင် ၂၇ ရက်နိ) ၌ သီဆုံးလျက် အလောင်းပြန်တွိခကြောင်းသိရသည်။
သီဆုံးလျက် အလောင်းပြန်တွိရသူများမှာ မင်းပြားမြို့နယ်၊ ရင်းချောင်းအုပ်စု၊ နတ်ကံပြင် (ချင်းရွာ)မှ ဒေါ်မမြဦး (၆၅ နှစ်)နန့်ဒေါ်အေးထုတ် (၅၉ နှစ်) ရို့ဖြစ်ကတ်သည်။
သူရို့ နှစ်ယောက်သည် ဂျူလိုင် ၂၅ ရက်နိက တခြားအမျိုး သမီး ၃ ယောက်၊ အမျိုးသား၂ ယောက်နန့် အတူ ဟင်းသီးဟင်းရွက်များရောင်းရန် ဟွန်ဒါချေနန့် မြေပုံသို့ထွက်လာစဉ်ကျောင်းတောင်မော်ကျောက်တန်း နားအရောက်၌ ဟွန်ဒါနစ်မြုပ်ကာ ရှာမတွိဘဲ ပျောက်ဆုံးလားခသည်။
ယင်းနိမှစ၍ ၎င်းရို့နှစ်ယောက်ကို ဒေသခံရွာသူသားများက ဝိုင်းဝန်းရှာဖွီကတ်ရာ ဒေါ်အေးထုတ် ၏ရုပ်အလောင်းကို ဂျူလိုင် ၂၆ ရက်နိ ညည့် ၉ နာရီက မြေပုံမြို့နယ်၊ အုန်းတောရွာအနား မြစ်ကမ်းစပ်မှ ရှာတွိခကြောင်း ရွာသားများ မှပြောသည်။
ဒေါ်မမြင့်ဦး၏ ရုပ်အလောင်းကိုတော့ ဒေနိ မိုးထ ၈ နာရီခန့်က မြေပုံမြို့၊ မြောက်ပိုင်းရပ်ကွက်၊ ကျောင်းတောင် မော်တောင်ခြီရင်းမှ ရှာတွိခသည်။
သူရို့၏ရုပ်အလောင်းကို နတ်ကံပြင်ရွာသင်္ချိုင်း၌ မြီမြုပ်သင်္ဂြိုလ်လိုက်ကြောင်း သိဟိရသည်။