APM ၊ ဂျူလိုင် ၂၇ / ၂၀၂၃
မြန်မာစစ်တပ်သည် ဒေလ(ဂျူလိုင်လ)အတွင်း ရက္ခိုင်ပြည်မြို့နယ်တချို့တွင် စစ်အင်အားဖြည့်တင်းမှုများနန့်တတူ ဒေသခံလမ်းလားလမ်းလာများအား စစ်ဆီးမှုများ တင်းတင်းကြပ်ကြပ်ပြုလုပ်လာနီကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ပြီးခသည့် ဂျူလိုင် ၂၂ ရက်နိက မြန်မာစစ်တပ်စစ်ရီယာဉ်များသည် စစ်တွေမှ ဘူးသီးတောင်သို့ လက်နက်၊ ရိက္ခာနန့် စစ်အင်အားအများအပြားပို့ဆောင်ခပြီး ၎င်းရို့တပ်စွဲထားသည့် တပ်စခန်းများသို့ အင်းအားရာချီ ဖြည့်တင်းမှုပြုလုပ်ခ သည်ဟု ဆိုသည်။
ယင်းအပြင် ဒေဂုရက်ပိုင်းအတွင်း စစ်တွေမြို့တွင် မြန်မာစစ်တပ်နန့် ရဲတပ်ဖွဲ့ဝင်များ ပူပေါင်းကာ မီးစက်ကြီးခွဆုံ၊ ရွှီတြိဂံ ခွဆုံနန့် တခြား လူလားလူလာများသည့်နီရာများ၌ စစ်ဆီးမှုများ မကြာမကြာပြုလုပ်လိဟိကြောင်း သိရသည်။
ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းတလျောက်ဟိ မြန်မာစစ်တပ်စစ်ဆီးရီးဂိတ်များတွင်လေ့ ဒေရက်ပိုင်း အတွင်း လမ်းလားလမ်း လာဒေသခံများကို မှတ်ပုံတင်များစစ်ဆီးခြင်း၊ ကုန်ပစ္စည်းများစစ်ဆီးစသဖြင့် စစ်ဆီးမှုများ တင်းတင်းကြပ်ကြပ်ပြုလုပ်လာနီကြောင်း ဒေသခံများက ဆိုသည်။
အလားတူ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စသည့် ရက္ခိုင်ပြည်မြို့နယ်တချို့တွင်လေ့ ဒေသခံများကို တင်းတင်းကြပ် ကြပ် စစ်ဆီးမှုများ ပြုလုပ်လာသည့်အပြင် အခန့်မသင့်ပါက ရိုက်နှက်စစ်ဆီးမှုများပင် ပြုလုပ်လာနီကြောင်း သိရသည်။
မြန်မာစစ်တပ်သည် အဂုရက်ပိုင်းအတွင်း ရက္ခိုင်ပြည်၌ အပြစ်မဲ့ပြည်သူများအား တင်းတင်းကြပ်ကြပ် စစ်ဆီးခြင်း၊တကျော့ ပြန်တိုက်ပွဲကာလကဖမ်းဆီးထားသည့် အပြစ်မဲ့ ရက္ခိုင်ပြည်သူများကို မတရား ထောင်ဒဏ်ချမှတ်ခြင်းများပြုလုပ်လာနီ သည့်အပြင် AA ထိန်းချုပ်ရာနီ ရာများသို့ ခွင့်ပြုချက်မရဘဲလားလာခြင်း ဒရုန်းများဖြင့် ကင်းထောက်ခခြင်းများကို ပြုလုပ် လာနီကြောင်း မြီပြင်သတင်းများအရ သိရသည်။