
APM ၊ ဂျူလိုင် ၂၇ / ၂၀၂၃
ကျောက်တော်မြို့၊ကစ္ဆပနဒီတန်တားအောက်၊ကုလားတန်မြစ်တွင် ဒေနိ (ဂျူလိုင် ၂၇ ရက်နိ) ညဇာ ၅ နာရီကျော်က ဒဏ်ရာများနန့် သီဆုံးနီသည့် အမျိုးသားအလောင်းတလောင်းကို တွိဟိခရကြောင်း သိရသည်။
သီဆုံးသူမှာ ကျောက်တော်မြို့၊ရွာမရပ်ကွက်မှ ဦးမောင်ကြီး၏ သား ကိုမောင်မောင်မြင့် (၃၅နှစ်) ဖြစ်သည်။
ကိုမောင်မောင်မြင့်အား ကစ္ဆပနဒီတန်တားအောက် ကုလားတန်မြစ်တွင် ခန္ဓာကိုယ်၌ ဒဏ်ရာများဖြင့် သီဆုံးနီသည်ကို အေနိ ညဇာ ၅ နာရီကျော်က တွိဟိခြင်းဖြစ်သည်။
လက်ဟိတွင် သီဆုံးသူ ကိုမောင်မောင်မြင့်အား ကျောက်တော်ပြည်သူ့ဆီးရုံကြီး၊ ရင်ခွဲရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။
ပြီးခသည့် ဂျူလိုင် ၁၁ ရက်နိကလေ့ စစ်တွေမြို့၊ ဘောလုံးကွင်ရပ်ကွက်ဟိ ဓညဝတီအားကဇတ် ကွင်းနောက်ဖက် ရီမြောင်းထဲတွင် အမည်မသိ အမျိုးသားတလောင်းတွိခရသိမ့်သည်။

Please follow and like us: