
APM ၊ ဂျူလိုင် ၂၇ / ၂၀၂၃
မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုများပြားခရသည့် ရက္ခိုင်တွင် ရီနန့်ခြင်မှတဆင့်ကူးစပ်သည့်ရောဂါများသည် ဖီးအန္တရာယ်တခုအနီနန့် ခြိမ်းခြောက်နီကြောင်း ကုလသမဂ္ဂလူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရီးမှူးရုံး UNOCHAက ဂျူလိုင် ၂၆ ရက်နိတွင်သတိပီးထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ရက္ခိုင်ဟိ မုန်တိုင်းသင့်ပြည်သူများမှာ လိုအပ်ချက်များ ဆက်လက်မြင့်မားနီပြီး စိုစွတ်သည့် မိုးတွင်းကာလဖြစ်သည့်အလျောက် ရီနန့်ခြင်မှတဆင့် ကူးစပ်ဖြစ်ပွားတတ်သည့် ရောဂါများသည် ဖီးအန္တရာယ် တခုအနီနန့် ခြိမ်းခြောက်နီသည်ဟု ဆိုသည်။
ရက္ခိုင်တွင် မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ချောင်း၊မြောင်း၊အင်းအိုင်များတွင် ရီဆိုး၊ ရီညစ်များတင်ကျန်ခခြင်း၊ ပတ်ဝန်းကျင်မသန့်ယှင်းခြင်းများကြောင့် ခြင်ကျားပေါက်ဖွားမှုများပြားလာသည်။
ယင်း ခြင်ကျား ကိုက်ခံရခြင်းမှတဆင့် ဖြစ်ပွားသည့် သွီးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုမှာလေ့ သိသိ သာသာ များပြားလာနီပြီး သီဆုံးသူများပင် ဟိလာနီဖြစ်သည်။
ယင်းအပြင်မုန်တိုင်းကြောင့် သောက်သုံးရီကန်များပျက်စီးခရသည့် ရက္ခိုင်ပြည်မြို့နယ်တချို့မှကျေးရွာများတွင် လက်ဟိအချိန်ထိ သောက်သုံးရီအခက်အခဲကြုံနီရတုန်းဖြစ်ပြီး မသန့်ယှင်းသည့် ရီကို သောက် သုံးနီကတ်ရကာ ဝမ်းပျက်/ဝမ်းလျှောရောဂါအပြင် အရီပြားရောဂါများလေ့ဖြစ်ပွားမှုလေ့ များပြားလာသည်ကို တွိရသည်။
ရောဂါဖြစ်ပွားသူအများစုမှာ စစ်ဖီးယှောင်စခန်းများ၌ ကျပ်ကျပ်တည်း တည်း နီထိုင်သည့် စစ်ဖီးယှောင်များဖြစ်ပြီး ယင်းအထဲမှ အနည်းစုရာဆီးရုံ၊ဆီးခန်းများတွင်လားရောက်ကုသနိုင်ကာ အများစုမှာ ငွေကြေးမတတ်နိုင်၍ ဆီးကုသရန်အခက်ကြုံနီကတ်ရကြောင်း သိဟိရသည်။
