APM ၊ ဂျူလိုင် ၂၇/ ၂၀၂၂
ကိုဖြိုးဇေယျာသော်၊ ကိုကျော်မင်းယု အပါအဝင် နိုင်ငံရေးအမြင်မတူသည့်ပုဂ္ဂိုလ် (၄)ယောက်အား စစ်ကာင်စီမှသီဒဏ်စီရင် ဆောင်ရွက်လိုက်ခြင်းအပေါ် MNTJP/MNDAA၊ PSLF/TNLAနန့် ULA/AA ရို့ ပူးပေါင်းသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့ က ဒေနိ( ဂျူလိုင် ၂၇ ရက်နိ)တွင် သဘောထားကြေညာချက် တစောင်ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် “ဂျူလိုင် ၂၄ ရက်နိ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရီးကောင်စီ (နစက) မှ နိုင်ငံရီး အမြင်မတူသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေ ယျာသော်နန့်ဝါရင့်နိုင်ငံရီးသမား ကျောင်းသားဂေါင်းဆောင် ကိုကျော်မင်းယု(ခ)ကိုဂျင်မီ၊ ကိုလှမျိုးအောင် (ခ)ကိုမျိုး၊ ကိုအောင်သူရဇော် (ခ) ကတုံး (ခ) သူရ ရို့ (၄) ယောက်အား သီဒဏ်စီရင်ဆောင်ရွက်လိုက် ကြောင်းကို မီဒီယာအသီးသီးမှတဆင့် ကြားသိလိုက်ရသည်” ဟု အစပြု ဖော်ပြသည်။
ယင်းသို့ သီဒဏ်စီရင်လိုက်ခြင်းသည် လက်ဟိကမ္ဘာ့နိုင်ငံရီး၏စံထားချက်များနန့် ဆန့်ကျင်နီသည့်အပြင် ကုလသမဂ္ဂ၏ လူ့အခွင့်အရီးကြေညာစာတမ်း၊ အပြည်ပြည်ဆိုင်ရာနိုင်ငံသားအခွင့်အရီးနန့် နိုင်ငံရီးအခွင့် အရီးကွန်ဗင်းသျှင်းများကို ဆိုးဝါးစွာချိုးဖောက်နီကြောင်း ညီနောင်မဟာမိတ်(၃) ဖွဲ့က ထောက်ပြသည်။
ယင်းအပြင် “နိုင်ငံတကာအသိုင်းအဝိုင်းနန့်အာဆီယံနိုင်ငံ ဂျာကာတာထိပ်သီးအစည်းအဝေးမှသဘောတူ ဆုံးဖြတ်ထားသော မြန်မာနိုင်ငံဆိုင်ရာဘုံသဘောတူညီချက် (၅) ရပ် အပါအဝင် မြန်မာ့အရေးကို နိုင်ငံရီး နည်းနန့် ငြိမ်းချမ်းစွာဖြေယှင်းမည့် လမ်းစဉ်များနန့်လေ့ လုံးဝ ဆန့်ကျင်နီသည့်အပြင်၊ နစကမှ အဆိုပြု ထားသော အမျိုးသားပြန်လည်ရင်ကြားစိရီးလမ်းစဉ်နန့်လေ့ လုံးဝဆန့်ကျင်နီသည့်အတွက် မိမိရို့အနီနန့် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနန့် ယုတ္တိမဟိသော ပြစ်မှုဖြင့် နိုင်ငံရီးအမြင် မတူသော ပုဂ္ဂိုလ်များအား သီဒဏ်စီရင်ခြင်းသည် ပြည်သူတရပ်လုံး၏ ဒေါသစိတ်နန့် ပြည်တွင်းစစ်များကို ပိုမိုပြင်းထန်စီ၍ ဖြစ်ပေါ် လာသည့် နောက်ဆက်တွဲပြဿနာအားလုံးကို နစကမှ တာဝန်ယူရမည်”ဟုလေ့ ထုတ်ပြန်ချက်က ဖော် ပြသည်။
ယင်းကြောင့် ညီနောင်မဟာမိတ်(၃) ဖွဲ့အနီနန့် သီဒဏ်စီရင်ခြင်းခံရသူများ၏ မိသားစု၊ ဆွေမျိုးများနန့် ထပ်တူဝမ်းနည်းရပြီး နစက ၏ လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်းလေ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။
(Zawgyi)
နိုင်ငံရီးအမြင်မတူသည့် ပုဂ္ဂိုလ် ၄ ဦးအား စစ်ကောင်စီမှ သီဒဏ်စီရင်ခြင်းအပေါ် ညီနောင်မဟာမိတ်(၃)ဖွဲ့ သဘောထားကြေညာချက် ထုတ်ပြန်
APM ၊ ဂျူလိုင် ၂၇/ ၂၀၂၂