
APM ၊ ဂျုန် ၂၇ / ၂၀၂၃
ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်တွင် ပြီးခသည့် ဂျုန် ၂၆ ရက်နိတရက်တည်းအတွင်း မိုးပြင်းလီပြင်းတိုက်ခတ်ခြင်းနန့် မိုးကြိုးပစ်ခြင်းများကြောင့် လူ ၂၀ ကျော်သီဆုံးခကြောင်း ဒေသတွင်းသတင်းများ၌ ဖော်ပြချက်အရ သိရသည်။
ပန်ဂျပ်ပြည်နယ်မှ နရိုးဝဲလ်၊ ရှိုက်ခပျုရာနန့် နန်ခန်နာဆဟိဗ်မြို့များတွင် မိုးကြိုးပစ်ခံရ၍ အချေများအပါအဝင် လူ ၈ ယောက် သီဆုံး ခပြီးနရိုးဝဲလ်မြို့တွင် မိုးပြင်းလီပြင်းတိုက်ခတ်စဉ်အိမ်ခေါင်မိုးပြိုကျ၍ လူ ၅ ယောက် သီဆုံးခရကြောင်း ကယ်ဆယ်ရီးအဖွဲ့များကပြောသည်။
အလားတူ လာဟိုး၊ ရှိုက်ခပျုရာ ၊ ပါဆာရာ၊ စီယာကော့နန့် ကမာမိုမြို့ရို့တွင်လေ့ မိုးကြိုးပစ်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ယောက် အပါအဝင် လူ ၈ ယောက်သီဆုံးခရသိမ့်သည်ဟု ဆိုသည်။
ယင်းအပြင် ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်ဟိပြီးယင်းဒဏ်ရာရသူများကိုတော့ ဆီးကုသရန် နီးစပ်ရာဆီးရုံများသို့ ရွှိပြောင်းပီးထားကြောင်း သိရသည်။
Source – 20 dead as heavy rains & lightning hit Pakistan’s Punjab province/Business Standard
Photo – AP
