
APM၊ ဂျုန် ၂၇/ ၂၀၂၃
တာလီဘန်များသိမ်းပိုက်ပြီးနောက်ပိုင်း အာဖဂန်နစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၀၀၀ကျော် သီဆုံးခကြောင်း ကုလသမဂ္ဂက ဒေနိ( ဂျုန် ၂၇ရက်နိ)တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ အာဖဂန်နစ္စတန်ဟိ ကုလသမဂ္ဂမစ်သျှင် (UNAMA) ၏ အစီရင်ခံ စာအရ၂၀၂၁ခုနှစ်၊ သြဂတ်စ်လအလယ် ပိုင်းမှ ဒေနှစ် (၂၀၂၃ ခုနှစ်) မေလကုန်အထိ နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၀၉၅ ယောက် သီဆုံးကာ ၂,၆၇၉ ယောက် ထိခိုက်ဒဏ်ရာရဟိခကြောင်း ဖော်ပြထားသည်။
တိုက်ခိုက်မှုများ၏ လေးပုံသုံးပုံသည် ဝတ်ပြုရာနီရာများ၊ ကျောင်းများနန့် ဈီးများစသည့် လူနီထူထပ်သောနီရာများတွင် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး သီဆုံးသူများထဲတွင် အမျိုးသမီး ၉၂ ယောက်နန့်အချေ ၂၈၇ယောက်ပါဝင်သည်ဟုဆိုသည်။
တိုက်ခိုက်မှုအများစုကို ခိုရာဆန်ပြည်နယ်အခြီစိုက် အိုင်အက်စ် ပူး ပေါင်းအဖွဲ့မှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်အရသိရသည်။
အမေရိကန်နန့် နေတိုးတပ်ဖွဲ့များသည် ဆယ်စုနှစ် နှစ်ခုကြာစစ်ပွဲအပြီး အာဖဂန်နစ္စတန်မှ ဆုတ်ခွာခရာ တာလီဘန်ရို့က နိုင်ငံ အား ၂၀၂၁ခုနှစ်၊ ဩဂတ်စ်လတွင် သိမ်းပိုက်ခခြင်းဖြစ်သည်။
အမေရိကန်နန့် နေတိုးတပ်ဖွဲ့များ မဆုတ်ခွာခင် ၂၀၂၀ ခုနှစ်အတွင်း၌ပင် အာဖဂန်နစ္စတန်အကြမ်းဖက် တိုက်ခိုက်မှုများ အတွင်း အရပ်သား ၃,၀၃၅ ယောက်သီဆုံးခကာ ၅,၇၈၅ယောက် ထိခိုက်ဒဏ်ရာရဟိခကြောင်း အစောပိုင်း ကုလသမဂ္ဂ အစီရင်ခံစာများအရ သိရသည်။
ယင်းကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများကို ချက်ချင်းရပ်ရန်နန့် အာဖဂန်လုံခြုံရီးအတွက် တာလီဘန်အစိုးရတွင် တာဝန်ဟိ ကြောင်း ကုလသ မဂ္ဂအေဂျင်စီက ပြောဆိုသည်။
တာလီဘန်အစိုးရကတော့ နိုင်ငံပြိုလဲခါနီးအချိန်တွင်၎င်းရို့လွှဲပြောင်း ရယူကာ မှန်ကန်သည့် စီမံခန့်ခွဲမှုဖြင့် နိုင်ငံနန့် အစိုးရကိုအကျပ်အတည်းမှ ကယ်တင်နိုင်ခကြောင်း၊ ၎င်းရို့အုပ်ချုပ်မှုအောက်တွင် နိုင်ငံ၏ လုံခြုံရီးသည် ပိုမို ကောင်းမွန်လာကြောင်း တုံ့ပြန်ပြောကြားထားသည်။
Source – Since the Taliban takeover of Afghanistan, more than 1,000 civilians were killed in attacks, UN says/AP
Photo – Reuters
