APM ၊ ဂျုန် ၂၇/၂၀၂၂
ကျောက်တော်မြို့နယ်မှ စစ်ကောင်စီ ဖမ်းဆီးခသည့် အပြစ်မဲ့အရပ်သားပြည်သူအချို့စာရင်းကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က ဒေနိ(ဂျုန် ၂၇ ရက်နိ) ရက်စွဲနန့် ထပ်မံထုတ်ပြန်ကြေညာသည်။
ထုတ်ပြန်ချက်၌ ကျောက်တော်မြို့နယ်မှ စစ်ကောင်စီ ဖမ်းဆီးခသည့် အပြစ်မဲ့အရပ်သားပြည်သူ (၇) ယောက်ကို ဖော်ပြထားပြီး ယင်းအထဲတွင် အမျိုးသမီး (၄)ယောက် ပါဝင်နီသည်ကို တွိဟိရသည်။
ULA/AA ထုတ်ပြန်သည့်စာရင်းအရ ကျောက်တော်မြို့နယ်မှ စစ်ကောင်စီဖမ်းဆီးခသည့် အပြစ်မဲ့ပြည်သူများမှာ- ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ ဦးဇော်ဝင်း(၄၂နှစ်)နန့်ဒေါ်ငြိမ်းငြိမ်း(၃၇နှစ်)၊ မြို့သစ်ရပ်ကွက်မှ ဒေါ်ဌေးဌေး(၃၀နှစ်)နန့်ဒေါ်စန္ဒာ(၂၉နှစ်)၊သျှမ်းရွာရပ်ကွက်မှမနွေးနွေးဦး(၂၃နှစ်)၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်(၅၅နှစ်) နန့် ကျောက်တန်းရွာမှ ဦးမောင်မျက်လှိုင်(၄၃ နှစ်) ရို့ဖြစ်ကတ်သည်။
ယင်း(၇)ယောက်ထဲမှ အမျိုးသမီး ၄ ယောက်သည် ဂျုန် ၂၁ ရက်နိတွင် ပြန်လွတ်မြောက်လာပြီး ကျန်အမျိုးသား ၃ ယောက် ဖြစ်သည့် ဦးဇော်ဝင်း၊ဦးကျော်သန်းမောင်နန့် ဦးမောင်မျက်လှိုင်ရို့ကိုတော့ လက်ဟိအချိန်ထိဆက်ဖမ်းထားတုန်းဖြစ်ကြောင်း ULA/AA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကုန်ခသည့် ရက်ပိုင်းမှစ၍ စစ်ကောင်စီသည် ရက္ခိုင်ပြည်အနှံ့ လူဖမ်းပွဲကြီး ကျင်းပခပြီး၊ ကျောက်တော်မြို့နယ်မှာလေ့ ဖမ်းဆီးစစ်ဆီးမှုအများအပြား ဟိခသည်နန့်အညီ နောက်ထပ် ဖမ်းဆီးခံရသူများ ထပ်ဟိနိုင်ကြောင်းလေ့ သိရသည်။
(Zawgyi)
ကျောက်တော်မြို့နယ်မှ စစ်ကောင်စီ ဖမ်းဆီးခသည့် အပြစ်မဲ့အရပ်သားပြည်သူအချို့စာရင်းကို ULA/AA ထပ်ထုတ်
APM ၊ ဂျုန် ၂၇/၂၀၂၂
