APM ၊ ဂျုန် ၂၇/၂၀၂၂
မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီဖမ်းဆီးခသည့် အပြစ်မဲ့အရပ်သားပြည်သူများစာရင်းကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)က ဂျုန် ၂၇ ရက်နိ(ဒေနိ) ရက်စွဲနန့် ထပ်မံထုတ်ပြန်ကြေညာလိုက်သည်။
ထုတ်ပြန်ချက်၌ မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီဖမ်းဆီးခသည့် အပြစ်မဲ့အရပ်သားပြည်သူ(၉)ယောက်ကို ဖော်ပြထားပြီး ယင်းအထဲတွင် အသက်(၁၃) နှစ်အရွယ် အချေတယောက်လေ့ ပါဝင်နီသည်ကို တွိရသည်။
ULA/AA ထုတ်ပြန်သည့်စာရင်းအရ မြောက်ဦးမြို့နယ်၌ စစ်ကောင်စီဖမ်းဆီးခသည့် အပြစ်မဲ့ပြည်သူများမှာ မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင်(၂၂နှစ်)၊ ဝသဲရပ်ကွက်မှ ကိုကိုမြင့် (၂၃နှစ်)၊ မြောက်ဦးမြို့နယ် တိန်ညိုရွာမှဦးပြည့်စုံဝင်း(၃၆နှစ်)၊ ကုန်းဘောင်ရွာမှ မောင်ချစ်စုဘု(၁၃နှစ်)၊ ပေါင်းတုတ်ရွာမှ ဦးရောဟတ်ဟူ ဆောန်(၃၀နှစ်)၊မင်းပြားမြို့နယ်အောင်ဒိုင်ရွာမှ ကိုအာဘုလ်ကာသိမ်း(၂၅နှစ်)၊ပလက်ဝမြို့မှ မောင်ဖွေးအိုင်(၂၈နှစ်)၊ မတူပီမြို့မှ ဦးမောင်ရန်လျန်း (၄၁ နှစ်)နန့် ပင်လောင်းမြို့နယ်မှ ကိုမောင်ဖြိုးဝေ(၂၅ နှစ်) ရို့ဖြစ်ကတ်သည်။
ယင်း(၉) ယောက်ထဲမှ ဦးရောဟတ်ဟူဆောန်မှာ ပြန်လွတ်မြောက်လာခပြီး၊ အသက် ၁၃ အရွယ် မောင်ချစ်စုဘု အပါအဝင် ကျန်လူများမှာ လက်ဟိအချိန်ထိ ပြန်လွတ်မြောက်လာခြင်းမဟိသိမ့်ကြောင်း ULA/AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုန်ခသည့် ရက်ပိုင်းမှစ၍ စစ်ကောင်စီက ကျင်းပခသည့် ရက္ခိုင်ပြည်အနှံ့လူဖမ်းပွဲကြီးအတွင်း မြောက်ဦးမြို့နယ်တွင် ဖမ်းဆီးစစ်ဆီးမှုအများအပြားဟိခသည်နန့်အညီ နောက်ထပ်ဖမ်းဆီးခံရသူများ ထပ်ဟိနိုင်သည့်အပြင် တခြားမြို့နယ်များတွင်လေ့ စစ်ကောင်စီက အပြစ်မဲ့အရပ်သားပြည်သူများကို လက်ဟိအချိန်ထိ လိုက်လံဖမ်းဆီးနီဆဲ ဖြစ်သည်ဟု ULA/AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(Zawgyi)
မြောက်ဦးတွင် စစ်ကောင်စီဖမ်းဆီးခသည့် အပြစ်မဲ့အရပ်သားပြည်သူများ စာရင်းကို ULA/AA ထုတ်ပြန်
APM ၊ ဂျုန် ၂၇/၂၀၂၂
ယင်း(၉) ယောက်ထဲမှ ဦးရောဟတ်ဟူဆောန်မှာ ပြန်လွတ်မြောက်လာခပြီး၊ အသက် ၁၃ နှစ်အရွယ် မောင်ချစ်စုဘု အပါအဝင် ကျန်လူများမှာ လက်ဟိအချိန်ထိ ပြန်လွတ်မြောက်လာခြင်းမဟိသိမ့်ကြောင်း ULA/AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။