APM၊ ဂျုန် ၂၇/၂၀၂၂
ဂျုန် ၂၄ ရက်နိကပင် စစ်ကောင်စီ ဖမ်းလားခသည့် ကျောက်ဖြူမြို့နယ် မူရွင်းရွာက လူငယ် ၂ ယောက်ကို လက်ဟိ အချိန်ထိ မိသားစုများနန့် အဆက်အသွယ်မရသိမ့်ဟု သိရသည်။
အဖမ်းခံထားရသည့် လူငယ်နှစ်ယောက်မှာ ကိုစိုင်းဝဏ္ဏကျော် (၂၈ နှစ်)နန့် ကိုထွန်းထွန်းဇော် (၂၀ နှစ်)ရို့ဖြစ်ကတ်ပြီး ကုန်ခသည့် ဂျုန် ၂၄ ရက်နိက ကျောက်ဖြူမြို့နယ် ဇင်ချောင်းရွာသို့ ပန်းရံလုပ်ငန်းသုံးပစ္စည်းများဝယ်ရန် လားစဉ် ဇင်ချောင်းရဲစခန်းရှိမှာ ရဲတပ်ဖွဲ့ဝင် ၅ ယောက်က သူရို့ကို ဖမ်းလားခြင်းဖြစ်သည်။
ယင်းနောက် ကိုစိုင်းဝဏ္ဏကျော်နန့် ကိုထွန်းထွန်းဇော်ရို့ကို ကျောက်ဖြူ အခြီစိုက် စစ်ကောင်စီတပ် ခလရ ၃၄ တပ်ရင်းက စစ်ဆီးရန် ခေါ်လားခသည်ဟု မိသားစုဝင်များပြောသည်။
“ဖမ်းစွာကတော့ ဇင်ချောင်းရဲစခန်းက ရဲသား ၅ ယောက်ဖမ်းလားစွာပါ။ ဖုန်းလေ့ ပါလားရေ။ ယေပြီးကေ ကျောက်ဖြူ ခလရ ၃၄ က ဗျူဟာမှူးဘားကို ယူလားခရေလို့ ကြားရေ။ အဂုထိတော့ အဆက်အသွယ် မရပါသိမ့်။ လုံးဝသတင်းအစအနမရဘဲ စစ်ဆီးယင်းနန့်တခုခုဖြစ်လားဖို့ကို မိသားစုတိစိုးရိမ်နီကတ်ပါရေ”ဟု မိသားစုဝင်တယောက်က APM သို့ ပြောသည်။
အဖမ်းခံထားသည့် ကိုစိုင်းဝဏ္ဏကျော်သည် မူရွင်းရွာ၏ လူပျိုကာလသားဂေါင်းဆောင်ဖြစ်ပြီး သာရီး၊ နာရီးကိစ္စများတွင်ဦးဆောင်လုပ်ကိုင်နီသူဖြစ်ကာ ကိုထွန်းထွန်းဇော်ကတော့ ဆယ်တန်းအောင်၍ နည်းပညာတက္ကသိုလ်တက်ရန် ပြင်ဆင်နီသူ ဖြစ်သည်။
ကုန်ခသည့်ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်သည် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရမ်းဗြဲ နန့် မင်းပြားမြို့နယ်များ၌ အမျိုးသမီးများ၊ အသက် ၁၈ နှစ်မပြည့်သိမ့်သော လူငယ်များအပါအဝင် အပြစ်မဲ့အရပ်သား ပြည်သူအများအပြားကို ဖမ်းဆီးစစ်ဆီးမှုများ ပြုလုပ်ခကြောင်း သိရသည်။
(Zawgyi)
စစ်ကောင်စီ ဖမ်းလားသည့် ကျောက်ဖြူမှ လူငယ် ၂ ယောက်ကို အဂုအချိန်ထိ မိသားစုများအဆက်အသွယ်မရသိမ့်
APM၊ ဂျုန် ၂၇/၂၀၂၂
ဂျုန် ၂၄ ရက်နိကပင် စစ်ကောင်စီ ဖမ်းလားခသည့် ကျောက်ဖြူမြိုနယ် မူရွင်းရွာက လူငယ် ၂ ယောက်ကို လက်ဟိ အချိန်ထိ မိသားစုများနန့် အဆက်အသွယ်မရသိမ့်ဟု သိရသည်။
အဖမ်းခံထားရသည့် လူငယ်နှစ်ယောက်မှာ ကိုစိုင်းဝဏ္ဏကျော် (၂၈ နှစ်)နန့် ကိုထွန်းထွန်းဇော် (၂၀ နှစ်)ရိုဖြစ်ကတ်ပြီး ကုန်ခသည့် ဂျုန် ၂၄ ရက်နိက ကျောက်ဖြူမြို့နယ် ဇင်ချောင်းရွာသို့ ပန်းရံလုပ်ငန်းသုံးပစ္စည်းများဝယ်ရန် လားစဉ် ဇင်ချောင်းရဲစခန်းရှိမှာ ရဲတပ်ဖွဲ့ဝင် ၅ ယောက်က သူရို့ကို ဖမ်းလားခြင်းဖြစ်သည်။