APM ၊ မေ ၂၇ / ၂၀၂၃
အိန္ဒိယနိုင်ငံ၊ ရာဂျစတန်ပြည်နယ် တွန့်ခ်ခရိုင်တွင် မိုးကြီး၍ လီပြင်းတိုက်ခတ်မှုကြောင့် လူ ၁၂ ယောက် သီဆုံးကာ အများအပြား ဒဏ်ရာရခကြောင်း တွန့်ခ်ခရိုင် တာဝန်ဟိသူများက မေ ၂၆ ရက်နိတွင်က ထုတ်ပြန်သည်။
အဆိုပါ လီပြင်းတိုက်ခတ်မှုသည် မေ ၂၅ ရက်နိက ဖြစ်ပွားခခြင်းဖြစ်ပြီး သီဆုံးသူများထဲတွင် အသက် ၅ နှစ်မှ ၁၄ နှစ် အရွယ် ၇ ယောက်ပါဝင်ကာ ဒဏ်ရာရသူလေ့ အများအပြားဟိကြောင်း တွန့်ခ်ခရိုင်စုဆောင်းရီးအရာဟိ ချင်မရီ ဂိုပယ်က ပြောသည်။
သီဆုံးလူအများစုသည် လီပြင်းတိုက်ခတ်မှုကြောင့် နီအိမ်များ၊လျှပ်စစ် ဓာတ်တိုင်များပြိုကျပျက်စီးရာ၌ သီဆုံးခရခြင်း ဖြစ်ပြီးဒဏ်ရာရလူများ ကိုတော့ ခရိုင်အတွင်းဟိ ဆီးရုံများသို့ ပို့ဆောင်ကုသလျက်ဟိသည်ဟုဆိုသည်။
ယင်းအပြင် လီပြင်းတိုက်ခတ်မှုကြောင့် ရီနန့် လျှပ်စစ်မီးပြတ်တောက်မှုပြဿနာများကိုတော့ တာဝန်ဟိသူများမှ ပြန်လည် ပြုပြင်နီကတ်ကာ သီဆုံးသူများနန့် ပျက်စီးဆုံးယှုံးလားရသူများအား နိုင်ငံတော် သဘာဝဖီးတုံ့ပြန်ရီး ရန်ပုံငွေ (SDRF) မှ ကယ်ဆယ်ရီးများ ပီးအပ်လားမည်ဖြစ် ကြောင်း ဖီးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနန့် ကယ်ဆယ်ရီး အတွင်းဝန် PC Kishan က ပြောကြားခသည်။
အိန္ဒိယမိုးလီဝသဌာန၏ ထုတ်ပြန်ချက်အရ မေ ၂၅ ရက်နိက ရာဂျစတန်ပြည်နယ်အနှံ့တွင် မိုးရီချိန် ၁ စင်တီမီတာ မှ ၄ စင်တီမီတာအထိ ရွာသွန်းခပြီး လီပြင်းတိုက်ခတ်မှုသည်လေ့ တနာရီကို ၉၆ ကီလိုမီတာနှုန်းနန့် တိုက်ခတ်ခကြောင်း သိဟိ ရသည်။
Source – 12 dead, several injured as heavy rain batters Rajasthan’s Tonk
Photo – The Indian EXpress