
APM ၊ ဧပြီ ၂၇ / ၂၀၂၃
မန်စီးအသင်းကို ၄-၁ ဂိုးနန့်ယှုံးနိမ့်ခကေလေ့ ၎င်းရို့အသင်းအနီနန့် ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအတွက် လက်မ လျှော့သိမ့်ကြောင်း အာဆင်နယ် နည်းပြ အာတီတာက ပြောကြားခသည်။
ဒေရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖလားလုဖက်ဖြစ်သည့် အာဆင်နယ်နန့် မန်စီးတီးသည် ဒေနိ( ဧပြီ ၂၇ ရက်) မိုးထက ယှဥ်ပြိုင်ကဇတ်ခရာ မန်စီးတီးကအိမ်ကွင်းတွင် ဒီဘရိုင်း၊ ဟာလန်း၊ ဂျွန်စတုန်းရို့၏ သွင်းဂိုးများဖြင့် ၄-၁ ဂိုး ရလဒ်နန့် အနိုင်ယူခသည်။
အာတီတာက ပွဲအပြီး BT Sport သို့ ပြောကြားရာတွင် “ကျနော်ရို့ မန်စီးတီးကိုယှုံးခကေလေ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖလားပြိုင်ပွဲက ရပ်နားလီဖို့မဟုတ်။ မန်စီးတီးနန့် ယှဥ်ပြိုင်နီရစွာကိုက ဒေရာသီ ကျနော်ရို့အသင်း၏ တိုးတက်မှုပါ။ သူရို့(မန်စီးတီး)ခြီစွမ်းကောင်းစွာကိုတော့ ကျနော်ရို့လက်ခံပါရေ” ဟု ဆိုသည်။
အာဆင်နယ်သည် မန်စီးတီးထက် ၂ ပွဲပို ကဇတ်ထားပြီး၊ ရမှတ် ၂ မှတ်ရာ ဖြတ်ထားနိုင့်သည့်အတွက် မန်စီးတီးအနီနန့် ရာသီကုန်အထိ ပွဲတိုင်းကို အနိုင်ကဇတ်နိုင်ပါမှချန်ပီယံဆုကို ပြတ်ပြတ်သားသား ရယူနိုင်မည် ဖြစ်သည်။
Source – Arteta says he has not given up on the Premier League Cup (90 Min)
Photo – Getty Images
