APM ၊ ဧပြီ ၂၇ / ၂၀၂၃
ခမီ လူမျိုးများ၏(၁၃) ကြိမ်မြောက် ခမီအမျိုးသားနိအခမ်းအနား စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်၊ အကွက်(၄)ဟိ ခေမာမဏ္ဍိုင်ကျောင်းတိုက်၌ ဒေနိ(ဧပြီ ၂၇ ရက်နိ)မိုးထ ၈ နာရီမှ ၁၀ နာရီအထိ ကျင်းပပြုလုပ်ခကြောင်း သိရသည်။
အခမ်းအနားကို ခမီတိုင်းရင်းသားစာပီနန့် ယဉ်ကျေးမှုအသင်းက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ခမီသမိုင်းဆိုင်ရာ ဟောပြောမှုများ၊ ရိုးရာအကများဖြင့် ဖျော်ဖြေခကတ်ကာ အခမ်းအနားသို့ ရက္ခိုင်၊ မြို၊ ဒိုင်းနက် စသည့် အရပ်ဖက် အဖွဲ့အစည်းများမှ လူ ၁၅၀ ခန့် တက်ရောက်ခကတ်သည်။
ခမီအမျိုးသားနိကို ၁၉၇၂ ခုနှစ် ဧပြီ ၂၇ ရက်နိတွင် ကျင်းပခသည့် ခမီအမျိုးသားညီလာခံအား အစွဲပြု၍ သတ်မှတ်ထား ခြင်းဖြစ်ပြီး ခမီလူမျိုးများ စည်းလုံးညီညွတ်ရီး၊ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်နိုင်ရီးနန့် တမျိုးသားလုံး၏ ပညာရီး၊ ကျန်းမာရီး၊ လူမှုရီး စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်နိုင်ရီးအတွက် အခမ်းအနား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အခမ်း အနားစီစဉ်ကျင်းပသူများကပြောသည်။
ခမီအမျိုးသားနိကို ကုန်ခသည့် ၂၀၁၁ ခုနှစ်က စတင်၍ နှစ်စဉ်နှစ်တိုင်းကျင်းပလာခြင်းဖြစ်ကာ လက်ဟိဆိုလျှင် (၁၃) ကြိမ် မြောက် ကျင်းပခြင်းဖြစ်သည်။
ရက္ခိုင်ပြည်တွင် ခမီလူမျိုးလူဦးရေ ၉၀၀၀၀ နီပါးဟိပြီး အများစုမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်နန့် ပေါက်တော စသည့် မြို့နယ်၌ ပြန့်ကြဲနီထိုင်လျက်ဟိကြောင်း သိရသည်။
Photo – Facebook