APM ၊ ဧပြီ ၂၇ / ၂၀၂၃
သျှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် ဧပြီ ၂၆ရက်နိ မိုးထပိုင်းက စစ်ကောင်စီတပ်နန့် ကရင်နီပူးပေါင်းအဖွဲများ တိုက်ပွဲဖြစ်ပွားရာ မြန်မာစစ်တပ်မှ တပ်ဖွဲဝင် ၂၀ သီဆုံးပြီး ၂ယောက် ကို အရှင်ဖမ်းဆီးနိုင်ခကြောင်း ကရင်နီ အမျိုးသားကာကွယ်ရီးတပ် KNDF က ထုတ်ပြန်သည်။
မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ဖွဲ့ ကို KNDF ပူးပေါင်းအဖွဲ့များဖြစ်သည့် မိုးဗြဲပြည်သူ့ကာကွယ်ရီးတပ်(MBPDF)၊ မြို့ပြတော်လှန်ရီးတပ်ဦး (URF) ရို့မှ ဝင်ရောက် တိုက်ခိုက် ခသည်။
အဆိုပါတိုက်ပွဲသည် မိုးထ ၆နာရီခန့်မှ ၁၀နာရီကျော်ခန့်အထိ ကြာမြှင့်ခကာ တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဖက်မှ တပ်ဖွဲဝင်များ အသီအဆုံးများပိုင် MA – 1 က ၄ လက်၊ MA -2 က ၄ လက်၊ MA -3 က၂ လက်၊ MA-4 က ၁ လက်၊ RPG-7က ၁ လက်၊ (၆၀) မမပြောင်းတို ၂ခု သိမ်းဆည်းရမိခသည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှလေ့ လက်နက်ကြီးများနန့် ပစ်ကူပီးခပြီး လီယာဉ်များနန့် (၄)ကြိမ် လာရောက် ပစ်ခတ်ခသည့် အတွက် ဒေသ လူနီအိမ်အမြောက်အများ ပျက်စီးခရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – KNDF