ယူကရိန်းနိုင်ငံရာတရုတ်အထူးကိုယ်စားလှယ်အဖြစ် အယင်ရုသျှသံအမတ်ဟောင်းကို ခန့်အပ်မည်ဟု ဆို
APM ၊ ဧပြီ ၂၇ / ၂၀၂၃
ရုသျှနန့် ယူကရိန်းအကြား စစ်ဖြစ်ပွားချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသမ္မတ ဇယ်လန်းစကီးနန့် တရုတ် သမ္မတ ချီကျင့်ဖျင်ရို့သည် ဧပြီ ၂၆ရက်နိတွင် တယ်လီဖုန်းနန့် စကား ပြောဆွေးနွေးပွဲတခုကို ပြုလုပ် ခကတ်ကြောင်း သိရသည်။
ယူကရိန်းသမ္မတက သူ့အနီနန့် တရုတ်သမ္မတချီကျင်းပင်နန့် တယ်လီဖုန်းကနီတဆင့် အဓိပ္ပါယ်ပြည့်ဝသည့် ဆွေးနွေးမှု များကို အချိန်အတန်ကြာ ပြောခကတ်ကြောင်း ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် ဖော်ပြထားသည်။
ယင်းအပြင် အဆိုပါဆွေးနွေးမှုသည် ယူကရိန်း-တရုတ် နှစ်နိုင်ငံဆက်ဆံရီးတိုးတက်ရန်အတွက် အရေးပါသည့် တွန်းအား တရပ် ဖြစ်ကြောင်းနန့် ရုသျှ-ယူကရိန်းစစ်ပွဲကိုအဆုံးသတ်နိုင်ရီး ဆွေးနွေးညှိနှိုင်းရန် တရုတ်နန့် ယူက ရိန်းအကြား အပြန်အလှန် သံ အမတ်များ စီလွှတ်ရန် သဘောတူခကတ်ကြောင်းနန့် ယူကရိန်းသမ္မတက ဆိုသည်။
တရုတ်အစိုးရပိုင်ရုပ်သံ CCTV က တမ္မတချီကျင့်ဖျင်အနီနန့် ရုသျှအစိုးရနန့် ငြိမ်းချမ်းရီးဆွေးနွေးမှုကို မြှင့်တင်ရန် ယူကရိန်း သမ္မတကို တိုက်တွန်းခပြီး နျူးကလီးယားစစ်ပွဲဖြစ်လျှင် မည်သူမျှအနိုင်ရမည် မဟုတ်ကြောင်း သတိပီး ပြောဆိုခသည်ဟု ဖော်ပြ ထားသည်။
သမ္မတနှစ်ဦးအကြား သဘောတူခကတ်သည့် သံအမတ်စီလွှတ်ရီးကိစ္စနန့်ပတ်သက်၍ ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ် အထူးကိုယ်စားလှယ်မှာ ရုသျှနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်းလီဟွေဖြစ်ကြောင်း တရုတ် နိုင်ငံခြားရီးဝန်ကြီး ဌာနက ဧပြီ ၂၆ရက်နိက ပြုလုပ်ခသည့် သတင်းစာယှင်းလင်းပွဲတွင် ပြောကြားခသည်။
လီသည် ရုသျှနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟောင်းတဦးးဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခသူလေ့ ဖြစ်သည်။
Ref; China’s Xi speaks with Zelensky for first time since Russia’s invasion of Ukraine
Photo – CNN