
APM ၊ ဧပြီ ၂၇ / ၂၀၂၃
အိန္ဒိယနိုင်ငံ၊ ချဟာတစ်ဂါပြည်နယ်တွင် ဧပြီ ၂၆ ရက်နိက ရဲတပ်ဖွဲ့ယာဉ်တန်းတခု ဗုံးခွဲတိုက်ခိုက်ခံရ၍ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်နန့် ယာဉ်မောင်း ၁ ယောက် သီဆုံးခသည့်ဟု ပြည်နယ်ရဲအရာဟိတယောက်က ပြောကြားသည်။
တိုက်ခိုက်သူများကို မော်ဝါဒီသူပုန်များဟု စွပ်စွဲလိုက်ပြီး “နယ်မြီယှင်းလင်းရီး လှုပ်ယှားဆောင်ရွက်ရန် ဘာစတာ ခရိုင်တွင် စခန်းများ ထူထောင် နီသည့် ရဲတပ်ဖွဲ့ဝင်များကိုပစ်မှတ်ထားကြောင်း” ပြည်နယ်ကျန်းမာရီးဝန်ကြီး Singh Deo က ပြော ကြားသည်။
ရဲတပ်ဖွဲ့ယာဉ်တန်းအတွင်း မော်တော်ယာဉ်တစီးကို ဗုံးထိမှန်ခကြောင်း Press Trust of India (PTI) သတင်း အေ ဂျင်စီက ရဲတပ်ဖွဲ့ပြောကြားချက်ကို ကိုးကားဖော်ပြသည်။
ယာဉ်တန်းဟိ ယာဉ်များသည် ပေ ၅၀၀ ခန့် အကွာအဝီး၌ လားလာနီခပြီး သူပုန်များမှ ပေါင် ၉၀ ခန့ဟိသော လက်လုပ်ဗုံး ကို အသုံးပြုခသည်ဟု PTI က ဆိုသည်။
၂၀၂၁ ခုနှစ်ကလေ့ ချဟာတစ်ဂါပြည်နယ် သစ်တောများအတွင်းသူပုန်များပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ ဝင်နန့် အရံတပ်ဖွဲ့ဝင် ၂၀ သီဆုံးခသိမ့်သည်။
မော်ဝါဒီသူပုန်များသည် အိန္ဒိယအစိုးရကို ဆယ်စုနှစ် ၄ စုကျော် တိုက်ပွဲဝင်ခပြီး အိမ်ငှား၊ လယ်သမားများနန့် ဆင်း ရဲသား များအတွက် မြီယာနန့် အလုပ်အကိုင်များ တောင်း ဆိုခကတ်သည်။
သူပုန်များသည် အိန္ဒိယနိုင်ငံ၏ နီရာအများအပြားတွင် လှုပ်ယှားလျက်ဟိသည်။
၎င်းရို့သည် အစိုးရတပ်များနန့် အရာဟိများကို မကြာမကြာ တိုက်ခိုက်လိဟိပြီး အိန္ဒိယ၏ အကြီးမားဆုံးသော ပြည်တွင်း လုံခြုံရီးကို ခြိမ်းခြောက်နီသည်ဟု ဆိုသည်။
Source – Maoist rebels kill 11 in explosive attack in central India
Photo – PTI
