
APM ၊ ဧပြီ ၂၇ / ၂၀၂၃
ဂွမြို့နယ်၊ ဦးကြွေချိုင်ရွာအနား ပင်လယ်ကမ်းစပ်တွင် ဧပြီ ၂၆ ရက်နိက အလျား ၇.၅ ပေဟိ ဝေလငါးပု (Dwarf Sperm Whale)အမျိုးအစား ဝေလငါးမျိုးစိတ် အသီတကောင်ကို သောင်တင်လျက်တွိဟိခကြောင်း သိရသည်။
ယင်းဝေလငါးမျိုးစိတ်ကို ပင်လယ်ကမ်းစပ်တွင်လမ်းလျှောက်လာသည့် ဒေသခံရွာသားများကတွိခခြင်းဖြစ်ပြီး အလျား ၇.၅ ပေ၊ အနံ ၄.၅ ပေဟိကာ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ဟိသူများနန့် အရပ်ဖက်အဖွဲ့များက လာရောက် ကြည့်ရှု စစ်ဆီးခကတ်သည်ဟု ဒေသ ခံများက ပြောသည်။
ယင်းနောက် အဆိုပါ ဝေလငါးအသီကို ဒေနိ(ဧပြီ ၂၇ ရက်နိ) မိုးထ၌ ကြွေချိုင်ရွာနားတွင် မြီမြှုပ်လိုက်ကတ် သည်ဟုဆို သည်။
ရီနီသတ္တဝါများထဲ၌ ဝေလငါးနန့် ဝေလငါးမျိုးစိတ်များကို ယှားပါးငါးမျိုးစိတ်အဖြစ် သတ်မှတ်ထားပြီး ရက္ခိုင် ကမ်းရိုးတမ်း တွင် ဝေလငါးများ မကြာမကြာ သောင်တင်သီဆုံးမှုများ ဟိနီသည်။
ကုန်ခသည့် ဧပြီ ၁ ရက်နိကလေ့ ကျောက်ဖြူမြို့နယ်၊ ကျောက်ခမောက်ရွာနားတွင် အရှည် ၂၆ ပေဟိ ဝေလငမန်း (Whale Shark) တကောင်ကို သောင်တင်သီဆုံးလျက် တွိဟိခရသိမ့်ကြောင်း သိဟိရသည်။
