
(မာ့ချ် ၂၀ ရက်နိ မှ မာ့ချ် ၂၆ ရက်နိ အထိ)
၁။ ၂၀ – ၃ – ၂၀၂၃ (တလင်းလာ)
(၁) ရက္ခိုင်ပြည်မှာ ဒုတိယသင်္ကြန်ဟု တင်စားထားသည့် ရီပေါ်သင်္ကြန်ပွဲတော်နန့်အတူ သေလာဂီရိမောရပဗ္ဗတ ကျောက် တော်တောင် ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို အဂုနှစ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပလားမည်ဟု ကျောက်တော်တောင် ဘုရားပွဲ ကျင်းပရီးကော်မတီမှ သိရသည်။
(၂) ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဖီးယှောင်စခန်းတွင် နီစရာအဆောင်များကို ကိုယ်ထူကိုယ်ထပြုပြင် မွန်းမံနီရပြီး၊ အရေးပေါ် အမိုးအကာများနီစရာအဆောင်များ အကူအညီလိုအပ်နီကြောင်း သိရသည်။
(၃) မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးစစ်ဖီးယှောင်စခန်း၌ လာရောက်ခိုလှုံနီသည့် အမ်းမြို့နယ်၊ ဒါးလက်ချောင်း၊ ကွေ့ရှည် ရွာမှ ဦးမိုးအောင် (၄၉ နှစ်)တွင် စတီးရိုးထည့်ထားရသည့် ပေါင်အားခွဲစိပ်ပြီး စတီးရိုးပြန်ထုတ်ရန် ငွေကြေးအကူအညီများ လိုအပ်နီကြောင်း သိရသည်။
(၄) ရခိုင်အမျိုးသားပါတီ ANP သည် မာ့ချ် ၂၀ ရက်နိမှာ ရွီးကောက်ပွဲကော်မသျှင်၌ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားလိုက် ကြောင်း UEC မှ သတင်းထုတ် ပြန်သည်။
၂။ ၂၁ – ၃ – ၂၀၂၃ (အင်္ဂါ)
(၁) မာ့ချ် ၂၀ ရက် နိက လီပြင်းတိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်စစ်ဖီးယှောင်စခန်းတွင် စစ်ဖီးယှောင်များ နီထိုင်သည့် နီအိမ် ၁၅ လုံး ပြိုကျ ပျက်စီးလားခရသည်။
(၂) မာ့ချ် ၂၁ ရက်နိ မိုးထ၌ဖောင်သာအသစ်ဆောက်ရာ၌ မြီတွင်းထဲဆင်းလုပ်ရာမှ အောက်စီဂျင်ပြတ်တောက်လားကာ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံရွာမှ ဦးချစ်လွင် (၄၅ နှစ်) သီဆုံးလားခရသည်။
(၃) မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး စစ်ဖီးယှောင်စခန်းဟိ မသန်စွမ်းသူ ၃၅ ဦးတွင် ဆီးကုသရန် ငွေကြေး အထောက် အပံ့များနန့် စားနပ်ရိက္ခာအပါအဝင် တခြားအထောက်အပံ့အကူအညီများ အရေးတကြီးလိုအပ်နီကြောင်း သိရသည်။
(၄) မြန်မာစစ်တပ်ကဖမ်းဆီးပြီးနောက် မြန်မာပြည်ဆူပူလှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ် မှု ဥပဒေပုဒ်မ ၁၇(၁)စသည့်ပုဒ်မ ၂ ခုနန့်တရားစွဲခံထားရသည့် မြောက်ဦးမြို့၊ ကျောက်ရစ်ကေ ရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်၊ ဗန္ဓုလရပ်ကွက်မှ ဦးကိုကိုညွန့်နန့် တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို့ အမှုကို မာ့ချ် ၂၁ရက် နိတွင်မြောက်ဦးမြို့နယ်တရားရုံး ၌ ရုံးထုတ်ပြီး ၅၀၅(က)အမှုအတွက်လိုပြသက် သီတယောက်ကို စစ်ဆီး ခသည်။
၃။ ၂၂ – ၃ – ၂၀၂၃ (ဗုဒ္ဓဟူး)
(၁) ရက္ခိုင်ပြည် မောင်တောနန့် ရသေ့တောင်မြို့နယ်ရို့၌ လုံခြုံရီး တာဝန်ထမ်းဆောင်နီသည့် မြန်မာစစ်တပ် လက် အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ထွက်ဗြီးမှု ပိုမိုများပြားလာပြီး အဂုလ ၁၉ ရက်နိကဆိုလျင် ၆ ယောက်အထိ ထွက်ဗြီးခသည်ဟု သိရသည်။
(၂) ဘူးသီးတောင်မြို့နယ်၊ စံဂိုးတောင်အုပ်စု၊ နွားရုံတောင်ကျေးရွာ၌ ဘုရားသိမ်ဆောက်ရန်လှူဒါန်းထားသည့် သံနန့် စတား ခွေများကို မြန်မာစစ်တပ်မှ ဗိုလ်မှူးတဦးက ခိုးယူရောင်းချထားကြောင်းသိရသည်။
(၃) မြန်မာစစ်တပ်ဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ် ၁၇(၁) နန့်တရားစွဲခံထားရသည့် ကျောက်ဖြူက ၁၄ ယောက်အမှုကို မာ့ချ် ၂၁ ရက်နိက (၁၅) ကြိမ်မြောက် ရုံးထုတ်ခကေလေ့ မြန်မာစစ်တပ်ဖက်မှ တရားလို ထပ်ပျက် ပြန်၍မစစ်ဆီးနိုင်ခဟု သိရသည်။
(၄) ကျောက်တော်မြို့နယ်ဟိ သျှမ်းရွာစစ်ဖီးယှောင်စခန်း ၊မဟာမုနိ စစ်ဖီးယှောင်စခန်းနန့် သိမ်ကျောင်းစစ်ဖီးယှောင် စခန်းရို့မှ စစ်ဖီးယှောင်များအား မာ့ချ် ၃၁ ရက်နိ နောက်ဆုံးထားကာ နီရပ်ပြန်ရန် စစ်ကောင်စီမှ အတင်းအဓမ္မ ဖိအား ပီးပြောဆိုထားကြောင်း သိရသည်။
၄။ ၂၃ – ၃ – ၂၀၂၃ (ကြာသပတီး)
(၁) မာ့ချ် ၂၀ ရက်နိက လီပြင်းတိုက်ခတ်မှုကြောင့် ရသေ့တောင်၊ ပုဏ္ဏားကျွန်းနန့် ကျောက်တော်မြို့နယ်ရို့ဟိ စစ်ဖီးယှောင် စခန်းများမှ အဆောင်ပေါင်း ၈၀ ကျော်ခန့် အမိုးအကာများ ပွင့်ထွက်လားသည့်အပြင် တချို့အဆောင်များမှာလေ့ လုံးဝပြို ပျက်လားခရပြီး ယင်းပျက်စီးလားခရသည့် စစ်ဖီးယှောင်စခန်းများ၌ အဆောင်များ ပြန်ပြုပျင် ရန် အရေးတကြီး လိုအပ်နီ ကြောင်း သိရသည်။
(၂) ၁၇(၁) နန့်တရားစွဲခံထားရသည့် မောင်တောမြို့နယ်၊ခမောင်းဆိပ်ကျေးရွာမှ တက္ကသိုလ်ကျောင်းသား ကိုမောင်ဆန်းဌေး (၂၄နှစ်) နန့် မင်္ဂလာညွန့်ကျေးရွာမှ ဆိုင်ကယ်ကယ်ရီသမား ကိုခင်ဇော်(၂၂နှစ်) ရို့အမှုကို မာ့ချ် ၂၃ ရက်နိ တွင် မောင်တောမြို့ တရားရုံး၌ ရုံးထုတ်ခကေလေ့ လိုပြသက်သီ မရောက်၍ ရုံးချိန်းထပ်ရွိလိုက်ရကြောင်း သိရသည်။
(၃) ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့တိုက်ပွဲများပြင်းထန်ခသည့် ၂၀၁၈/၂၀၁၉ ခုနှစ်ကပင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်နန့် ရသေ့တောင်မြို့နယ်အပါအဝင် ရက္ခိုင်ဟိ ရှေးဟောင်းသမိုင်းဝင်ဘုရား ပုထိုးစေတီများ၊ သာသနာ့ပိုင်မြီနန့် အဆောက်အဦများ၌ လက်ဟိ အချိန်ထိ မြန်မာစစ်တပ်က အခိုင်အမာတပ်စွဲ နီရာယူထား၍ ဘုရားဖူးခရီး သည်များနန့် ဒေသခံများ အခက်ကြုံနီကတ်ရသည်။
(၄) ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံ ထားရ သည့် မြောက်ဦးမြို့နယ်၊ တိမ်ညိုရွာဟိ သာလီစွဆီဆိုင်ပိုင်သျှင် ဦးကျော်သိန်းလှိုင်(၄၆နှစ်)အမှုကို မာ့ချ် ၂၃ ရက်နိတွင် ရုံးထုတ်စစ်ဆီးခသည်။
၅။ ၂၄ – ၃ – ၂၀၂၃ (သောကြာ)
(၁) ပေါက်တောမြို့ အလယ်ပိုင်းရပ်ကွက် ၊အကွက်( ၂) ၊မင်းစောမွန်လမ်းတွင်နီထိုင်သည့် ပေါက်တောမြို့နယ် သမဝါယမ နန့် ကျေးလက်ဖွံဖြိုးရီးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်မ အုန်းတင်(၅၇နှစ်)သည် မာ့ချ် ၂၄ ရက်နိ မိုးထက ရီမြုပ်သီဆုံးလားသည်။
(၂) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် ကျောက် တော်က ၉ ယောက်အမှုကို မာ့ချ် ၂၄ ရက်နိ၌ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခကေလေ့ လိုပြသက်သီ မရောက် ၍မစစ်ခရဘဲ လာမည့် ဧပြီ ၅ ရက်နိသို့ ရုံးချိန်းထပ်ရွိလိုက်ရသည်။
(၃) မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နန့်တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးရွာ အုပ်ချုပ်ရီးမှူး ဦးဟာ မတ်တူဆောင်း ရို့ အမှုကို မာ့ချ် ၂၄ ရက်နိတွင်ဘူးသီးတောင်မြို့တရားရုံး၌ရုံးထုတ်ခပြီးလိုပြ သက်သီ တယောက်ကို စစ်ဆီးခသည်။
(၃) ရက္ခိုင်ပြည်၊ နယ်စပ်မြို့တော် မောင်တောသို့ ဆန်စက်တည်ဆောက်ရီးနန့် ငါးမွီးမြူရီးလုပ်ငန်းများအတွက် ထိုင်းနိုင်ငံမှ စိုက်ပျိုးရီး၊မွီးမြူရီးအတတ် ပညာသျှင်များ လာရောက်မည်ဟု မြန်မာပြည်ဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Mongkol Visitstump က ပြောကြားသည်။
(၄) မြန်မာပြည်ကိုအကြည်အညိုပျက်စီမှုပုဒ်မ ၅၀၅(က)နန့် ထောင်ဒဏ်ချမှတ်ခံထားရသည့် ပလက်ဝမှ ဦးတင်ထွန်းအောင် အမှုတွင်ခရိုင်တရားရုံး၏ စီရင်ချက်ကို ပြည်နယ်တရားရုံးက ပယ်ဖျက်၍ ထောင်ဒဏ် ၁ နှစ် ထပ်ချထား ကြောင်းသိရသည်။
၆။ ၂၅ – ၃ – ၂၀၂၃ (စနီ)
(၁) စစ်တွေတွင် မာ့ချ် ၂၅ ရက်နိက ရီချမ်းပြင်မှ ပြည်တော်သာသို့ထွက်ခွာလာသည့်ရထားတွဲသည်ဓညဝတီဘောလုံးကွင်း နန့် ဖိုးသာရွာလမ်းကြားသို့အရောက် ရထားလမ်းထက်၌ အိပ်နီသည့် စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်မှ ဦးထွန်းထွန်း (၄၈ နှစ်) ၏ ခြီထောက်နှစ်ချောင်းကို တက်ကြိတ်လား၍ ဦးထွန်းထွန်း၏ ခြီထောက်နှစ်ဖက် ပြတ်လားကြောင်း သိရသည်။
(၂) ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ မြင့်ဂါကျေးရွာဟိ အထက မြင့်ဂါ ကျောင်းသား/ကျောင်းသူဟောင်း များ၏ တတိယအကြိမ်မြောက် အာစရိယ ပူဇော်ပွဲကို မာ့ချ် ၂၆ ရက်(တ လင်းဂနီနိ)၌ ကျင်းပမည်ဟုသိရသည်။
၇။ ၂၆ – ၃ – ၂၀၂၃ (တလင်းဂနီ)
(၁) မတူကွဲပြားသည့် လူမျိုးများအကြား အပြန်အလှန် နားလည်မှုများရဟိကာ ပြဿနာများကို လျှော့ချနိုင်ရန်ရည် ရွယ်ပြီး အလင်းတစက်နာမည်ရ ရွိလျားစာကြည့်တိုက်တခုမှ မောင်တောမြို့နယ်ဟိကျေးရွာများသို့ တပတ်လျှင် နှစ် ရက်စီ လှည့် လည်၍ စာအုပ်များငှားပီးနီသည်။
(၂) ရက္ခိုင်ပြည်၏ အထင်ကရစာပီဆုချီးမြှင့်ပွဲတခုဖြစ်သည့် တန်းခိုးဆရာထွန်း စာပီဆုချီးမြှင့်ပွဲကို မာ့ချ် ၂၅ ရက်နိတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးရွာဟိ တန်းခိုး ဆရာထွန်းစာကြည့်တိုက်ရှိ၌ စည်းကားစွာ ကျင်းပပြုလုပ်ခသည်။
