APM ၊ မာ့ခ်ျ ၂၇ / ၂၀၂၃
ရွီးကောက်ပွဲကော်မသျှင်(UEC)၏ မာ့ချ် ၂၄ ရက်နိအထိထုတ်ပြန်ချက်များအရ ရက္ခိုင်ပြည်မှာ နဂိုဟိပြီးသား နိုင်ငံရီးပါတီ များထဲက ထက်ဝက်ကျော် မှတ်ပုံပြန်တင်ထားကတ်ကြောင်း သိရသည်။
ရက္ခိုင်တွင် အယင်က နိုင်ငံရီးပါတီ ၉ ခုဟိခပြီး ယင်းအနက် ပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်နန့် နိုင်ငံရီးပါတီမှတ် ပုံတင်ခြင်း ဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်လာသည့် ရက္ခိုင်အခြီစိုက်နိုင်ငံရီးပါတီ ၅ ခုအထိ ဟိလာသည်။
ယင်းပါတီ ၅ ခုမှာ ရခိုင်အမျိုးသားပါတီ ANP၊ ရခိုင့်ဦးဆောင်ပါတီ AFP၊ ရခိုင်ပြည် အမျိုးသားအင်အားစုပါတီ RSNUP၊ မြိုတိုင်းရင်းသားပါတီနန့် ခမီတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရီးပါတီရို့ဖြစ်ကတ်သည်။
မှတ်ပုံပြန်တင်ရခြင်းနန့်ပတ်သက်၍လေ့ ရက္ခိုင်ပြည်အရေးအတွက် အမျိုးသားနိုင်ငံရီးလိုအပ်ချက်အရ ပြည်တွင်း၌ စည်းရုံး လှုပ်ယှားမှုလုပ်မည့်ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းဖြစ်ကာ ရွီးကောက်ပွဲဝင်၊မဝင်ကိစ္စက ရွီးကောက်ပွဲကော်မသျှင်က ထုတ်ပြန်မည့် ရွီးကောက်ပွဲဆိုင်ရာ ဥပဒေ၊နည်းဥပဒေများအပေါ် မူတည်ကာ ဆုံးဖြတ်လားမည်ဟု ပါတီထိပ်ပိုင်း ဂေါင်း ဆောင်များက ပြောဆိုထားကတ်သည်။
နောက်ထပ်ရက္ခိုင်အခြီစိုက်ပါတီများဖြစ်ကတ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD နန့် ကမာန်တိုင်းရင်းသား တိုးတက်ရီးပါတီရို့ကတော့ မှတ်ပုံမတင်ဟု အတိအလင်းထုတ်ဖော်ပြောကြားထားပြီး မြိုဒီမိုကရေစီပါတီနန့် မြိုတိုင်း ရင်းသားဖွံ့ဖြိုးတိုးတက်ရီးပါတီရို့ကတော့ ပြန်လည် မှတ်ပုံတင်/မတင် ထုတ်ဖော်ပြောကြားခြင်းမဟိသိမ့် ကြောင်း သိရသည်။
ကုန်ခသည့် ဂျန်နဝါရီ ၂၆ ရက်နိက အသစ်ပြန်လည်ပြဋ္ဌာန်းလိုက်သည် နိုင်ငံရီးပါတီများမှတ်ပုံတင်ခြင်းဥပဒေနန့် နည်းဥပဒေ များကို UEC က ထုတ်ပြန်ခပြီးနောက် နိုင်ငံရီးပါတီများအနီနန့် ရက်ပေါင်း ၆၀ အတွင်း ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကာ မှတ်ပုံမတင်သည့်ပါတီများသည် နိုင်ငံရီးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်လားမည်ဟု သိရပါသည်။