
APM ၊ မာ့ချ် ၂၇ /၂၀၂၃
နိုင်ငံ၏ တရားရီးစနစ်ပြောင်းလဲမည့်အစီအစဉ်ကို ရပ်ထားရန် တောင်းဆိုခသည့် အစ္စရေးကာကွယ်ရီးဝန်ကြီး ယိုအက်ဗ် ဂေလန့်ကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က မာ့ချ် ၂၆ ရက်နိတွင် ရာထူးမှ ထုတ်ပယ်လိုက်ရ ကြောင်းသိရသည်။
အစ္စရေးတရားရုံးချုပ်၏ ဆုံးဖြတ်ချက်အား လွတ်တော်က လွှမ်းမိုးချုပ်ကိုင်နိုင်မည့်ဥပဒေတရပ်ကို ပြဌာန်းရန် ဝန်ကြီးချုပ်မှ ကြိုးပမ်းလာခြင်းအား ရပ်တန့်ပီးဖို့ မာ့ချ် ၂၅ ရက်နိတွင် ကာကွယ်ရီးဝန်ကြီး ယိုအက်ဗ်ဂေလန့်က တောင်းဆိုခပြီးနောက် ယင်းသို့ ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်၌ ကာကွယ်ရီးဝန်ကြီး ဂေလန့်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်းနန့် ယင်းတရား စီရင်ရေး ပြောင်းလဲမည့် ဥပဒေကို ငြင်း ဆန်သူအားလုံးအား ဆန့်ကျင်လားမည်ဟု ဆိုသည်။
ကာကွယ်ရီးဝန်ကြီး ဂေလန့်ကတော့ ဝန်ကြီးချုပ် နေတန်ယာဟု အနီနန့် ယင်း ဥပဒေ ပြဌာန်းရန်ပြင်ဆင်မှုသည် တိုင်းပြည် ကို စိတ်ဝမ်းကွဲပြားစီသည့်လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။
ကာကွယ်ရီးဝန်ကြီး ဂေလန့်ထုတ်ပယ်ခံရပြီးနောက် မာ့ချ် ၂၆ ညဇာပိုင်းတွင် သောင်းနန့်ချီသော ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခကတ်သည့်အပြင် ဂျေရုဆလင်ဟိ ဝန်ကြီးချုပ် နေတန်ယာဟု ၏ နီအိမ်နားတွင်လေ့ ဆန္ဒပြပြည်သူများ သောင်းနန့်ချီ စုရုံးခကြောင်း သိဟိရပါသည်။
Source – Netanyahu fires defense minister for urging halt to overhaul
Photo – CNN
