APM ၊ မာ့ချ် ၂၇ / ၂၀၂၃
ကျောက်တော်မြို့နယ်တွင် မာ့ချ် ၂၆ ရက်နိက ကျောက်တော်မှ စစ်တွေသို့ မောင်းနှင်လာသည့် ရွှီရည်စုဝေ ခရီးသည် တင်ကားတစီးနန့် အိမ်စီးကားတစီး တိုက်မိခ၍ အိမ်စီးကား မောင်းသူ အမျိုးသားတဦးသီဆုံးကာ၊ ခရီးသည် အမျိုးသမီး နှစ်ဦးဒဏ်ရာရလားကြောင်း သိရသည်။
သီဆုံးလားသူမှာ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာ၊ ရန်တားရပ်ကွက်မှ ကိုစိုးလင်းအောင်(၂၈နှစ်)ဖြစ်ပြီး ဒဏ်ရာရ လားသူမှာ ရွှီရည်စုဝေကားနန့်လိုက်ပါလာသည့် ပေါက်တောမြို့နယ်မှ အမျိုးသမီးနှစ်ဦး ဖြစ်သည်။
ဖြစ်စဉ်မှာ မာ့ချ် ၂၆ ရက်နိ ညဇာ ၄ နာရီခွဲက ရွှီရည်ဆုဝေခရီးသည်တင်ကားသည် ခရီးသည် ၂၀ ခန့်တင်ဆောင်လျက် ကျောက်တော်မှ စစ်တွေသို့ဆင်းလာရာ ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းရွာအနားဟိ ပီကောက်ဝ တန်းထားအဆင်း၌ အပေါက်ဝရွာမှ ထွက်လာသော ကိုစိုးလင်းအောင်၏ကားကို ဝင်တိုက်မိခခြင်းဖြစ်သည်။
ယင်းသို့ ဝင်တိုက်မိခမှုကြောင့် ကိုစိုးလင်းအောင်မှာ နီရာ၌ ပွဲချင်းပြီးသီဆုံးလားခရပြီး ရွှီရည်စုဝေ ခရီးသည်တင်ကားမှ တော့ ခရီးသည်အမျိုးသမီးနှစ်ဦး ပွန်းပဲဒဏ်ရာရဟိလားခရသည်။
လက်ဟိ ကိုစိုးလင်းအောင်၏ ရုပ်အလောင်းကို အပေါက်ဝတိုက်နယ်ဆီးရုံ(ရင်ခွဲရုံ)မှတဆင့် အပေါက်ဝကျေးရွာ သုသာန်သို့ ယူဆောင်ထားပြီး ဒေနိ(မာ့ချ် ၂၇ ရက်နိ) နိခင်း ၂ နာရီခန့်တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရလားသူ ခရီးသည်အမျိုးသမီးနှစ်ဦးမှာတော့ အပေါက်ဝဆီးရုံ၌ ဆီးကုသမှုခံယူပြီး ဒဏ်ရာမပြင်းထန်၍ မိမိနီရပ်သို့ ကားကြုံဖြင့် ပြန်လိုက်လားကတ်ကြောင်း သိဟိရပါသည်။