(ဖေဖော်ဝါရီ ၂၀ ရက်နိ မှ ဖေဖော်ဝါရီ ၂၆ ရက်နိ အထိ)
၁။ ၂၀ – ၂ – ၂၀၂၃ (တလင်းလာ)
ရက္ခိုင်ပြည်တွင် ဒေနှစ်တက္ကသိုလ်ဝင်တန်းစာမိန်းပွဲဖြေဆိုမည့်ကျောင်းသား/ကျောင်း သူ ဦးရေသည် အယင်နှစ်ကထက် လျော့ကျလား၍ နယ်များဟိ စာစစ်ဌာနများကိုလျော့ချလိုက်ကာ မြို့ထက်တွင် စာစစ်ဌာန ၆၈ ခု ဖွင့်လှစ်စစ်ဆီးလားမည်ဖြစ်သည့်အတွက် ငွေကြေးမတတ်နိုင်သည့် နယ်မှကျောင်း သား/ကျောင်သူများမှာ အခက်အခဲဖြစ်နီ ကတ်ရသည်။
၂။ ၂၁ – ၁ – ၂၀၂၃ (အင်္ဂါ)
(၁) ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သံသယဖြင့် ထောင်ဒဏ် ၃ နှစ်စီအသီးသီးချမှတ်ခံထားရသည့် ပုဏ္ဏားကျွန်း မြို့နယ်၊ ကျောက်ဆိပ်ရွာသားများဖြစ်ကတ်သည့် ကိုညီညီအောင် (၂၄) နှစ်၊ ကိုမျိုးလှိုင်ဦး (၂၄) နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ကိုမင်းစိုး (၃၈) နှစ်နန့် ကိုကျော်ဝင်းဟိန်း (၂၂) နှစ်ရို့သည်ဖေဖော်ဝါရီ ၂၁ ရက်နိ မိုးထ ၉ နာရီခွဲခန့် က လွတ်ရက်စိ၍ ပြန်လွတ် မြောက် လာသည်။
(၂) မြန်မာစစ်တပ်ကဖမ်းဆီးပြီးနောက် မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)စသည့် ပုဒ်မ ၂ ခုနန့် တရားစွဲခံထားရသည့် မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်၊ ဗန္ဓုလရပ်ကွက်မှ ဦးကိုကိုညွန့်နန့် တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို့အမှုကို ဖေဖော်ဝါရီ ၂၁ ရက်နိတွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခပြီး ခံပြသက်သီတယောက်ကို စစ်ဆီးခသည်။
၃။ ၂၂ – ၂ – ၂၀၂၃ (ဗုဒ္ဓဟူး)
(၁) မြန်မာစစ်တပ်ဖမ်းယူလားပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နန့် တရားစွဲဆိုခံထား ရသည့် ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ရွာမှ ဦးသိန်းတန်(၄၇ နှစ်)နန့် ဦးတင်အောင်(၅၀နှစ်) ရို့အမှုကို ဖေဖော်ဝါရီ ၂၁ ရက်နိတွင်ကျောက်ဖြူမြို့နယ်တရားရုံး၌ (၁၀)ကြိမ်မြောက်ရုံးထုတ်ခပြီး၊ဒေဂုရုံးချိန်းတွင်လေ့ တရားလိုမရောက်၍ မစစ်ဆီးနိုင်ခဘဲ လာမည့် ဖေဖော်ဝါရီ ၂၈ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်သည်။
(၂) မြန်မာစစ်တပ်က မတရားဖမ်းဆီးကာ မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) ရို့နန့် အသီးသီးတရားစွဲဆိုထားသည့် လူထုဇော်ဝင်းအပါအဝင် ကျောက်တော်က ၆ ယောက်အမှုကို ဖေဖော်ဝါရီ ၂၂ ရက်နိတွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ တရားလို မရောက်ဟုဆိုကာ မစစ်ဆီးဘဲ လာမည့်ဖေဖော်ဝါရီ ၂၈ ရက် နိသို့ ရုံးချိန်းထပ်ရွှိလိုက်ပြန်သည်။
(၃) ပလောင်ပြည်နယ်လွတ်မြောက်ရီးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော် (PSLF/TNLA)
ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော် (ခ) တားမူစယ်ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များ ဖြစ်သည့် MNTJP/ MNDAAနန့် ULA/AA ရို့က ဖေဖော်ဝါရီ ၂၂ ရက်နိ၌ ဝမ်းနည်းကြောင်းသဝဏ်လွှာပီးပို့လိုက် သည်။
၄။ ၂၃ – ၂ – ၂၀၂၃ (ကြာသပတီး)
(၁) မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နန့် တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ် တပ်မင်း ချောင်းရွာ အုပ်ချုပ်ရီးမှူး ဦးဦးကျော်လှ နန့် မီးကျောင်းစျီးရွာ အုပ်ချုပ်ရီးမှူးဦးဟာမတ်တူဆောင်းရို့အမှုကို ဖေဖော် ဝါရီ ၂၃ ရက်နိတွင် ဘူးသီးတောင်မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့မစစ်ဆီးခပဲ ရုံးချိန်းထပ်ရွှိလိုက်သည်။
(၂) ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် စစ်ဖီးယှောင်စခန်းတွင် အကူအညီများ လာရောက်လှူဒါန်းမှု နည်းပါးနီ၍ ဆန်အပါအဝင် အခြီခံစားနက်ရိက္ခာများ အရေးပေါ်အကူအညီလိုအပ်နီသည်။
(၃) ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း နန့် စစ်တွေမြို့နယ်ရို့တွင် သောက်သုံးရီကန်များ ပြီးခသည့်နှစ်ကထက် ပို၍ အယင်ခမ်းခြောက်လားသည့်အတွက် ဒေသခံများမှာ သောက်သုံးရီယှားပါးသည့် ပြဿ နာနန့် ရင်ဆိုင်နီကတ်ရသည်။
၅။ ၂၄ – ၂ – ၂၀၂၃ (သောကြာ)
(၁) မြန်မာစစ်တပ်ဖမ်းဆီးလားပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့်တရားစွဲခံထားရသည့် ကျောက် တော်မြို့နယ်၊ ဝပြန်ရွာမှ ကိုမောင်သန်းဌေး၊ ကိုမောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်မှ ကိုမောင်ချေ(ခ)မောင်မျိုးကိုနန့် မြောက်ဦးမြို့ မဟိန်ဂျီ ရပ်ကွက်မှ ကိုကျော်မောင်လင်းရို့ အမှုကို ဖေဖော်ဝါရီ ၂၄ ရက်နိ၌ ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခ ကေလေ့ တရားလိုမရောက်ဟုဆိုကာ မစစ်ဆီးနိုင်ခဘဲ ရုံးချိန်းထပ်ရွှိလိုက်သည်။
(၂) ရက္ခိုင်ပြည်၏ အကြီးဆုံးစာပီဆုချီးမြှင့်ပွဲတခုဖြစ်သည့် တန်းခိုးဆရာထွန်းစာပီဆုချီးမြှင့်ပွဲကို လာမည့် မာ့ချ် ၂၂ ရက်နိတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်ခိုးရွာ၌ ကျင်းပပြုလုပ်လားမည်။
(၃) မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဖီးယှောင်စခန်းတွင် ယာယီလူနီအဆောင်များ ပြိုကျပျက်စီးနီ၍ ပြန်ပြုပြင်ရန် အရေးပေါ်အကူအညီများ လိုအပ်နီသည်။
၆။ ၂၅ – ၂ – ၂၀၂၃ (စနီ)
(၁) ရသေ့တောင်မြို့သို့ ကုန်စည်စီးဆင်းရာ တခုတည်းသောကုန်းလမ်းဖြစ်သည့် ရသေ့တောင်-ပုဏ္ဏားကျွန်းကား လမ်းကို လက်ဟိအချိန်ထိ မြန်မာစစ်တပ်မှ ဆက်ပိတ်ထားဆဲဖြစ်သည်။
(၂) ကျောက်ဖြူမြို့နယ်ကျေးရွာတချို့တွင် တာတမံ(ကာရီ) ကျိုးပေါက်ကာ စပါးစိုက်ခင်းများ ဆားငံရီဝင်လားပြီး ပျက်စီးလား၍ ဆန်စပါးပြတ်လပ်လျက် ဒေသခံရွာသားများ စားသောက်ရီးအခက်အခဲဖြစ်နီကတ်ရသည်။
၇။ ၂၆- ၂- ၂၀၂၃(တလင်းဂနီ)
(၁) ရက္ခိုင့်တပ်တော် AA နန့်မြန်မာစစ်တပ်ရို့အကြား အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ရက္ခိုင်ပြည်အတွင်း တည်ငြိမ် အီးချမ်းနီ၍ ငပလီကမ်းခြီသို့ လာရောက်လည်ပတ်သည့် ခရီးသည်များ သိသိသာသာ ပိုများလာသည်။
(၂) သောက်သုံးရီမသန့်ယှင်းမှုကြောင့် ကျောက်တော်မြို့နယ် သရက်အုပ်စစ်ဖီးယှောင်စခန်းနန့် ပုဏ္ဏားကျွန်း မြို့နယ်၊ အထက်မြတ်လေး စစ်ဖီးယှောင်စခန်းရို့တွင် ဒေရက်ပိုင်းအတွင်း စစ်ဖီးယှောင်များ အရီပြားရောဂါဖြစ်ပွားမှု သိသိသာသာ တိုးလာနီသည်။