APM ၊ ဖေဖော်ဝါရီ ၂၇ / ၂၀၂၃
စစ်ပွဲကနဦးကာလမှစ၍ ဒေနိ(ဖေဖော်ဝါရီ ၂၇ ရက်နိ)အထိကာလအတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA ဆက်စပ်သံသယနန့် မြန်မာစစ်တပ်၏ ဖမ်းဆီးထိမ်းသိမ်းခြင်းခံထားရသူများအားလုံး အယင်ဆုံး ပြန်လွတ် မြောက်လာရီး အဆင့်ဆင့်ညှိနှိင်းပြီး အကောင်းဆုံးဆောင်ရွက်နီကြောင်း ဒေနိပြုလုပ်ခသည့် အာရက္ခပြည်သူ့အစိုးရ၏ သတ္တမအကြိမ်မြောက် သတင်းစာယှင်းလင်းတွင် ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ပြောကြားသည်။
“မြန်မာစစ်တပ်က တိုက်ပွဲစဖြစ်ချိန်ကပင် တကျော့ပြန်တိုက်ပွဲကာလအထိ ဖမ်းဆီးထားရေ အပြစ်မဲ့ပြည်သူတိကိုလေ့ အဂုထက်ထိ ပြန်မလွှတ်ဘဲ ဆက်ဖမ်းထားစွာတိ ဟိနီပါသိမ့်ရေ။ ယင်းအထဲက တချို့ကို စီရင်ချက်ချပနာ ထောင်ထဲထည့်ထားရေပိုင်၊ အကြောင်းအမျိုးမျိုးပြပြီးကေ ရုံးချိန်းအကြိမ်ကြိမ်ရွှိပနာ အချိန်ဆွဲချုပ်နှောင်ထားရေ။ တချို့ကိုတော့ ပုဒ်မတိထပ်တိုးပနာ တရားစွဲထားစွာတိလေ့ဟိနီပါသိမ့်ရေ။ စစ်ပွဲကနဦး ကာလ ကပင် ဒေနိအထိမြန်မာစစ်တပ်က ဖမ်းဆီးခရေအပြစ်မဲ့ အာရက္ခပြည်သူပေါင်း ၅၉၄ ယောက် ဟိခပါရေ။ ယင်းအထဲ က ပြန်လွတ်လာသူ စုစုပေါင်း ၃၉၁ ယောက်ဟိပါရေ။ လက်ဟိအချိန်ထိ အချုပ်ခန်းတိနန့် အကျဉ်းထောင်တိမှာ ဆက်လို့ထိန်းသိမ်းခံနီရရေ အပြစ်မဲ့အာရက္ခပြည်သူစုစုပေါင်းကတော့ခါ ၂၀၃ ယောက်ဟိနီပါသိမ့်ရေ။ဒေကိစ္စနန့် ပတ်သက်လိုလေ့ ကျနော်ရို့အနီနန့် ဒေအပြစ်မဲ့ပြည်သူတိ ပြန်လွတ်မြောက်လာအောင် အဆင့်ဆင့် ညှိနှိုင်းပြီးကေ အကောင်းဆုံးဆောင်ရွက်လို့ဟိနီပါရေ။” ဟု ဦးခိုင်သုခက ဆိုသည်။
ယင်းအပြင် လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရီး စလုပ်ချိန်ကပင် ၂ လတာ ကာလအတွင်း ဖမ်းဆီးခံအပြစ်မဲ့ပြည်သူများကို လွှတ်ပီးမည်ဟု ကတိကဝတ်ဟိခကြောင်း၊ ယေကေလေ့ မြန်မာစစ်တပ်ဖက်က အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းနီခြင်းဖြစ်ကြောင်းလေ့ ဦးခိုင်သုခက ယှင်းလင်းပြောကြားလားခသည်။