
APM ၊ ဖေဖော်ဝါရီ ၂၇ / ၂၀၂၃
ထိုင်းနိုင်ငံဟိ မြန်မာပြည်သားများအတွက် နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ရန် အခကြေးကို ဘတ်ငွေ ၈၀၀ အစား ဘတ်ငွေ ၁၂၅၀ အထိ တိုးမြှင့်ကောက်ခံလားမည်ဟု ဘန်ကောက်မြို့ဟိ မြန်မာသံရုံးက ဖေဖော်ဝါရီ ၂၆ ရက်နိ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံသို့ အကြောင်းကိစ္စအမျိုးမျိုးဖြင့် ရောက်ဟိနီသည့် မြန်မာပြည်သားများအနီနန့် လာမည့် မာ့ချ် ၁ ရက်နိမှစ၍ နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ခကို ယခင် ဘတ်ငွေ ၈၀၀ အစား ဘတ်ငွေ ၁၂၅၀ ကို သက်ဆိုင်ရာဘဏ်စာရင်းသို့ ပီးသွင်းကတ်ရမည်ဟု ဖော်ပြထားသည်။
အလားတူ PJ နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်မည့်သူများသည် စာအုပ်ကြေး ၁၂၅၀ ဘတ်နန့် OWIC ကဒ် ၂၅၀ ဘတ် စုစုပေါင်း ၁၅၀၀ ဘတ်ကို သက်ဆိုင်ရာဘဏ်စာရင်းသို့ ပီးသွင်းကတ်ရမည်ဟု ဆိုသည်။
ယင်းအပြင် စက်ရုံ၊ အလုပ်ရုံများနန့် ဆောက်လုပ်ရီးကုမ္ပဏီကြီးများသို့ Mobile Team နန့် လာရောက်၍ အချက်အလက် ကောက်ယူထားသူများအားလုံးသည် ဘတ်ငွေ ၁၅၀၀ ပီးသွင်းရမည်ဖြစ်ပြီး မာ့ချ်လ ဒုတိယအပတ်တွင် Passport စာအုပ်များကို ထုတ်ပီးလားမည်ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ပါဟိသည်။
လက်ဟိ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နီကတ်သည့် မြန်မာပြည်သားများသည် ၎င်းရို့၏ နှစ်စဉ်ဝင်ငွေ သုံးပုံတပုံ နီးပါးကို ပန်းရောင်ကဒ်၊ CI-စာအုပ်၊ အလုပ်ပါမစ်၊ တရားဝင်နီထိုင်ခွင့်နန့် အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားရန် ကုန်ကျစရိတ်များအတွက် ပြန်ပြီးအသုံးပြုနီရကြောင်း အလုပ်သမားများထံမှ သိဟိရသည်။
Photo – Myanmar Embassy Bangkok



