APM ၊ ဖေဖော်ဝါရီ ၂၇ / ၂၀၂၃
လက်ဟိရက္ခိုင်တွင် ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့အကြား နှစ်ဖက်အပစ်အခတ်ရပ်တန့်ထားကေလေ့ အာမခံချက်အပြည့်အဝဟိသည့် အခြေအနေလို့ပြော၍မရဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/ AA က ပြောဆိုလိုက်သည်။
ဒေနိ(ဖေဖော်ဝါရီ ၂၇ ရက်နိ) ပြုလုပ်သည့် အာရက္ခပြည်သူ့အစိုးရ၏ သတ္တမအကြိမ်မြောက် သတင်းစာယှင်းလင်းပွဲ အဖွင့်မိန့်ခွန်း၌ ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဦးခိုင်သုခက “လက်ဟိရက္ခိုင်မှာ သီနတ်သံတိတ်နီကေလေ့ အာမခံချက်အပြည့်အဝဟိရေတည်ငြိမ်မှုလို့ ပြောလို့ မရသိမ့်ပါ။ မြန်မာစစ်တပ်အနီနန့် နည်းဗျူဟာအရ တဖက်မှာ အပစ်ရပ်ထားကေလေ့ တခြားတဖက်မှာ စစ်ရီးအရ လူ၊ လက်နက်၊ ရိက္ခာအင်အားတိ ဖြည့်တင်းလာစွာကို နိစဉ်ရက်ဆက် လုပ်ဆောင်နီပါရေ၊ အရာတဖက်မှာလေ့ ULA/AA နန့်ပတ်သက်လို့ နိုင်ငံရီးအရတွန်းတိုက်မှုကို ဆက်လုပ်စွာတိဟိပါရေ” ဟု ဆိုသည်။
ယင်းအပြင် ဒေရက်ပိုင်းအတွင်း တောင်ကုတ်၊ သံတွဲ၊ မောင်တောမြို့နယ်များတွင်မြန်မာစစ်တပ်က တရွာဝင်၊ တရွာထွက် လားရောက်ကာ ဒေသခံပြည်သူများကို ULA/AA နန့် မပတ်သက်ရန်၊ အဆက်သွယ်မလုပ်ရန်၊ ကူညီထောက်ပံ့မှုများမပြုရန်နန့် ULA/AAသည် တရားမဝင်အဖွဲ့အစည်းဟု ပြောဆိုမှုများဟိနီကြောင်းလေ့ ဦးခိုင်သုခက ပြောကြားခသည်။
အဆိုပါ ကိစ္စများနန့် ပတ်သက်၍လေ့ ULA/AA အနီနန့် အထူးသတိထား စောင့်ကြည့်နီပြီး၊ မြန်မာစစ်တပ်အနီနန့် ယင်းလုပ်ရပ်အပြုအမူများကို ဆက်၍ ဆိုးဆိုးရွားရွားလုပ်လာမည်ဆိုပါက တိုက်ပွဲလမ်းကြောင်းကို အချိန်မရွီး ပြန်ရောက်လားနိုင်သည့် အနေအထားတွင် ဟိနီကြောင်းလေ့ ဒေနိပြုလုပ်သည့် အာရက္ခပြည်သူ့အစိုးရ၏ သတ္တမအကြိမ်မြောက် သတင်းစာယှင်းလင်းပွဲတွင် ULA/AA ပြန်ကြားရီတာဝန်ခံ ဦးခိုင်သုခက ယှင်းလင်းပြောကြား လားသည်။