APM ၊ ဒီဇမ်ဘာ ၂၇ / ၂၀၂၃
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်အနီနန့် ဒီဇမ်ဘာ ၂၆ ရက်နိက မြောက်ဦး ခရိုင်ရဲစခန်းကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခပြီး၊ ပလက်ဝမြို့ နယ်အတွင်းက ခဝဲဗျူဟာကုန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရီးထိုးစစ်ဆင်လျက်ဟိကြောင်း ညီနောင်မဟာမိတ်(၃) ဖွဲ့က ၁၀၂၇ စစ်ဆင်ရီး (၆၁) ရက်မြောက်နိမာ သတင်းထုတ်ပြန်လိုက်ပါရေ။
ညီနောင်(၃)ဖွဲ့၏ ၎င်းထုတ်ပြန်ချက်အတွင်း “ရက္ခိုင့်တပ်တော်အနီနန့် ဒီဇမ်ဘာလ(၂၆) ရက်နိတွင် မြောက်ဦး ခရိုင်ရဲစခန်း အား ညည့် (၉) နာရီခန့်၌ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခပြီး၊ ပလက်ဝအတွင်းမှ ခဝဲဗျူဟာကုန်း အား အပြီးသတ် သိမ်းပိုက်ရယူရီးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိသည်” လို့ ဖော်ပြထားပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၂၆ ရက်နိ၊ နိခင်း ၂ နာရီ ၅၁ မိနစ်လောက်မာလည်း ပလက်ဝမြို့နယ်၊ ခန်ခတောင်ကြောဟိ ပွိုင့် (၉၈၂) ကုန်းအနားမာ ရက္ခိုင့်တပ်တော် (AA) နန့် အကြမ်းဖက်စစ်ကောင်စီတို့ကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခပါရေ။
အလားတူ ဒီဇမ်ဘာ ၂၆ ရက်နိ၊ ညဇာအချိန်ကလည်း ကျောက်တော်မြို့နယ်၊ အထက်ပိုင်း တင်းမရွာဟိ တောင်ရှည်တောင်ဗျူဟာအနားဝန်းကျင်သို့ စစ်ကောင်စီ၏ လီယာဉ် (၂) စီးက လာရောက် ပစ်ခတ် တိုက်ခိုက်ခပိုင် စစ်ကောင်စီ၏ လက်နက်ကြီးတိနန့် ပစ်ခတ်တိုက်ခိုက်နီရေစခန်းတခုဖြစ်တေ အဆိုပါ ဗျူဟာကုန်းကို စစ်ကောင်စီအနီနန့် မကျဆုံးစီရီးအတွက်လက်နက်ကြီး၊လီကြောင်းပစ်ကူ အမြောက်အမြား နန့် အပြင်းအထန်ခုခံလျက်ဟိရေလို့ ဆိုပါရေ။
ပေါက်တောမြို့မာလည်း ဒီဇမ်ဘာ ၂၆ ရက်နိ၊ မိုးထ ၉ နာရီဝန်းကျင်အချိန်လောက်မာ စစ်ကောင်စီ၏ နေဗီ ၄ စီးစွာ ပေါက်တောမြစ်တဖက်ကမ်းက လက်နက်ကြီးတိနန့် တပြိုင်နက်တည်း အဆက်မပြတ်ပစ်ခတ် တိုက်ခိုက်ခရာ မြို့ပေါ်ရပ်ကွက်တိဖြစ်တေ သင်္ဘောဆိပ်ရပ်ကွက်၊ အမှတ် (၁)ရပ်ကွက်နန့် အမှတ် (၂) ရပ်ကွက်ရို့အတွင်းသို့ လက်နက် ကြီးကျည်တိ ကျရောက်ပေါက်ကွဲခလို့ ရပ်ကွက်အတွင်းဟိ လူနီအိမ် အချို့ မီးလောင်ပျက် စီးခရပါရေ။
တဆက်တည်းမာပင် ဒီဇမ်ဘာ ၂၆ ရက်နိ နိခင်း ၁၁ နာရီအချိန်လောက်ကလည်း နန်းကျွန်းအနားဟိ စစ်ကောင်စီ ၏ နေဗီ ၁ စီးက မြင့်ဂါဖက်ကလာရေ ခရီးသည်တင်စက်လှီတစီးကို ရမ်းကားပစ်ခတ်ခလို့ ၎င်းစက်လှီဝမ်း ဗိုက်ပေါက်လားခရပိုင် ခရီးသည် အချို့လည်း ထိခိုက်ဒဏ်ရာရဟိခကြောင်းသိရပါရေ။
အလားတူ ဒီဇမ်ဘာ ၂၆ ရက်နိ၊ ညဇာ ၈ နာရီ ၃၀ မိနစ်လောက်မာလည်း မြောက်ဦးမြို့၊ ကျောက်ရစ်ကေခွဆုံနားမာ ရက္ခိုင့်တပ်တော် (AA) နန့် စစ်ကောင်စီတပ်ကြား ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခပြန်ပါသိမ့်ရေ။
ရက္ခိုင်ပြည်ထဲကရှေးဟောင်းသမိုင်းဝင်အမွီအနှစ်ရို့ဟိရာ မြောက်ဦးမြို့ဟိ စစ်ကောင်စီ ခမရ (၃၇၇) တပ်ရင်းစွာ ဒီဇမ်ဘာ ၂၆ ရက်နိ၊ မိုးထ ၁၀ နာရီ ၃၀ မိနစ်အချိန်လောက်ကပင် အယင်ရက်တိနည်းတူ လက်နက်ကြီးနန့် ညည့် ၁၀ နာရီကျော်ရေအထိ ပစ်ခတ်တိုက်ခိုက်ခရေလို့ သိရပါရေ။
အဆိုပါလက်နက်ကြီးတိထဲက ကျည် (၁) လုံးစွာ ဆင်ချဆိပ်ရပ်ကွက်က ဟင်းခင်းတခုအတွင်းသို့ ကျရောက်ပေါက်ကွဲခလို့ ယင်းနီရာမာဟိရေ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရီးမှူးတယောက်သီဆုံးခရပါရေ။ လွန်ခရေ(၃) ရက်တာအတွင်း စစ်ကောင်စီလက်အောက်ခံ မြောက်ဦးတပ်ရင်းတိက လက်နက်ကြီးတိနန့်အရပ်သားတိကို ရည်ရွယ်ချက်ဟိဟိ ဦးတည် ပစ်ခတ်တိုက်ခိုက်ခမှုကြောင့် မြောက်ဦးဒေသခံ (၉) ဦး သီဆုံးခရပနာ (၁၆) ဦးထက်မနည်း ထိခိုက်ဒဏ် ရာရဟိ ခရပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၂၅ ရက်နိ၊ ညဇာ ၄ နာရီ ၃၀ မိနစ်အချိန်လောက်ကလည်း စစ်ကောင်စီ၏ တိုက်လီယာဉ် (၁) စီးစွာ မြောက်ဦးမြို့ပေါ်ဟိ လူနီအိမ်၊ ရပ်ကွက်တိအတွင်းသို့ တမင်တကာ လာရောက် ပစ်ခတ်တိုက်ခိုက်ခရေပိုင်၊ တချိန်တည်း မာပင် မြောက်ဦး အခြီစိုက် စကခ(၉) လက်အောက်ခံ တပ်ရင်းတိကလည်း လက်နက်ကြီးတိနန့်ပစ်ခတ်တိုက်ခိုက်ခလို့ မြောက်ဦးမြို့ပေါ်ရပ်ကွက်တခုဖြစ်တေ လေးမြို့စားရွာ၊ ထမ္မရာဇ်ရပ်ကွက်အတွင်းဟိ စစ်ကောင်စီလက်အောက်ခံ ခရိုင်ရုံးနန့် ထွေအုပ်ရုံးရို့ မီးလောင်ပျက်စီးခရပြီးကေ၊ ညဇာ ၅ နာရီကျော်အချိန်လောက်ကလည်း တောင်ဖြူဆည်နန့် အနားဝန်း ကျင်နီရာတိသို့ စစ်ကောင်စီဖက်က ဒရုန်းနန့် လာရောက်ပစ်ခတ်တိုက်ခိုက်ခပါသိမ့်ရေ။
တဆက်တည်းမာပင် ညဇာ ၇ နာရီအချိန်လောက်က မြောက်ဦးမြို့ကို စစ်ကောင်စီ၏ လက်နက်ကြီးနန့် လီကြောင်း တိုက်ခိုက်မှုတိကြောင့် စစ်ဖီးယှောင်ပြည်သူတိ ယာယီခိုလှုံနီရေ ဘုရားပေါ်ဘုန်းကြီးကျောင်းဝန်းထဲဟိ ဓမ္မာရုံကို ရန်သူက ဒရုန်းနန့် တမင်ရည်ရွယ်ကာ လာရောက်ပစ်ခတ်တိုက်ခိုက်ခလို့ စစ်ဖီးယှောင်အချေ (၃) ဦး နန့် သက်ကြီးပိုင်းအမျိုးသမီး (၁) ဦး သီဆုံးခရပြီးကေ (၂) ဦးမှာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရဟိခရေလို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။