
APM ၊ ဒီဇမ်ဘာ ၂၇ / ၂၀၂၂
အမေရိကန်တွင် တိုက်ခတ်နီသည့်ဆောင်းမုန်တိုင်းကြောင့်ဒီဇမ်ဘာ ၂၆ ရက်နိအထိ နိုင်ငံတဝန်း သီဆုံးသူ ၆၀ နီးပါး အထိ ဟိလာနီကြောင်း အာဏာပိုင်များက ပြောသည်။
ဆောင်းမုန်တိုင်းဒဏ် အဆိုးဆုံးခံရသည့် နယူးယောက်ပြည်နယ်၊ Buffalo မြိုတခုတည်း၌ပင် သီဆုံးသူ ၂၇ ယောက် အထိဟိနီပြီး၊ နိုင်ငံတဝန်း သီဆုံးသူ ၅၇ ယောက်ထက်မနည်းဟိလာ သည်ဟု ဒီဇမ်ဘာ ၂၆ ရက်နိပြုလုပ်သည့် သတင်းစာယှင်း လင်းပွဲတွင် Erie County ၏ အမှု ဆောင် Mark Poloncarz က ပြောကြားသည်။
မုန်တိုင်းဒဏ်ကြောင့် နယူးယောက်၊ ကော်လိုရာဒို၊အီလီနွိက်စ်၊ မစ်ရှီဂန်၊ အိုဟိုင်းအိုပြည်နယ်ရို့အပါအဝင် နိုင်ငံ တဝန်းမှ ပြည်နယ် ၁၂ ခုတွင် ဒီဇမ်ဘာ ၂၅ ရက်နိအထိ သီဆုံးသူ ၃၄ ယောက်ဟိရာမှ တရက်အကြာ၌ အဂုပိုင် ၅၇ ယောက်အထိ တိုးမြင့် လာခြင်းဖြစ်သည်။
နှင်းမုန်တိုင်းဆက်လက်တိုက်ခတ်နီ၍ ဒေရက်ပိုင်းအတွင်း လီယာဉ်ခရီးစဉ်ပေါင်း ၁၅,၀၀၀ ခန့်ဖျက်သိမ်းခရပြီး၊ ဒီဇမ်ဘာ ၂၆ရက်နိ တရက်တည်းတွင်ပင် ခရီးစဉ်ပေါင်း ၂,၆၀၀ခန့်ကို ဖျက်သိမ်းခရကြောင်း သိရသည်။
Photo- ALO
