APM ၊ ဒီဇမ်ဘာ ၂၈ /၂၀၂၂
မန်စီးတီးတိုက်စစ်မှူးဟာလန်းသည် ခြီထောက်ဒဏ်ရာရထားကေလေ့ လိဒ်စ်အသင်းနန့်ပွဲစဉ်မှာ ပါဝင်ကဇတ် ဖို့ ဖြစ်ကြောင်း အသင်းနည်းပြ ဂေါ်ဒီယိုလာက ပြောဆိုသည်။
ဟာလန်းသည် ကုန်ခသော အောက်တိုဘာလက ဒေါ့မွန်အသင်းနန့် ကဇတ်ခသည့်ပွဲ၌ ခြီထောက်ဒဏ်ရာ ရဟိခခြင်း ဖြစ်သည်။
“သူရထားရေဒဏ်ရာစွာ အယင်နှစ်က ရခရေ ဒဏ်ရာနန့်မတူပါ။ သူ့ခြီထောက်ဒဏ်ရာ လုံးဝ ပျောက်ဖို့အတွက် အချိန်ယူရဖို့ပါ။ လက်ဟိဒဏ်ရာစွာ အင်တန်ချေသက်သာနီပါဗျာယ်။ယေဇူးနန့် လိဒ်စ်ယူနိုက်တက်နန့် ပွဲစဉ်မှာ ဟာလန်း ဝင်ကဇတ်ဖို့ဖြစ်ပါရေ” ဟု နည်းပြ ဂေါ်ဒီယိုလာ က ဆိုသည်။
ဟာလန်းသည် ပြောင်းရွှိကြေး ပေါင် ၅၁ သန်းနန့် မန်စီးတီးသို့ ရောက်လာခပြီး၊ အသင်းနန့် ပရီးမီးယားလိဂ် ၁၅ ပွဲကဇတ်ရာ မှာ ၁၈ ဂိုးအထိ သွင်းယူထားပါသည်။
လက်ဟိတွင် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် အမှတ်ပီးဇယား၏ အဆင့်(၃)နီရာမှာရပ်တည်နီပြီး၊ အမှတ်ပီး ဇယား ထိပ်ဆုံးက ဦးဆောင်နီသည့် အာဆင်နယ်အသင်းနန့် ၈ မှတ် ကွာဟကာ၊ အဆင့်(၂) နီရာတွင် ဟိသည့် နယူးကာဆယ်နန့် ၁ မှတ်ရာ ကွာသည်။
မန်စီးတီးအသင်းသည် ဒေနိညည့် (ဒီဇမ်ဘာ ၂၉ ရက်နိ၊ ၀၂း၃၀နာရီ)တွင် လိဒ်စ်ယူနိုက်တက် အသင်းနန့် အိမ်ကွင်း၌ ကဇတ်မည်ဖြစ်သည်။
Photo – Eurosport