
APM ၊ ဒီဇမ်ဘာ ၂၇ / ၂၀၂၂
အမေရိကန်အမျိုးသားကာကွယ်ရီးအက်ဥပဒေ (NDAA)ပါ မြန်မာပြည်နန့်ပတ်သက်သည့် အချက်များမှာ အကြမ်း ဖက်မှုကို အားပီးထားခြင်းဖြစ်ပြီး၊ အမေရိကန်အနီနန့် မြန်မာ့ပြည်တွင်းရီးကို ဝင်ရောက်စွက်ဖက်ခြင်းကြောင့် ပြင်း ထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း စစ်ကောင်စီ နိုင်ငံခြားရီးဝန်ကြီးဌာနမှ ဒီဇမ်ဘာ ၂၇ ရက်နိတွင် ထုတ်ပြန် ပြောဆို လိုက်သည်။
အမေရိကန်၏ NDAAအက်ဥပဒေ၌ NUG၊ NUCC၊ CRPH နန့် PDF များကို ကူညီထောက်ပံ့မည်ဆိုခြင်းမှာ အကြမ်း ဖက်မှုကို အားပီးရာရောက်ပြီး၊ မြန်မာ့ပြည်တွင်းရီးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကာ၊ မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကိုပါ ထိပါးခြင်းဖြစ်သည်ဟု စစ်ကောင်စီက တုံ့ပြန်ထားသည်။
ယင်းအပြင် အမေရိကန်နိုင်ငံမှ မြန်မာပြည်ဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆီးရီးယန္တရား (IIMM) အား ငွေကြေး ထောက်ပံ့ခြင်းကို ကန့်ကွက်ကြောင်း၊ ထိုလုပ်ရပ်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနန့် ဗီယင်နာကွန်ဗင်းသျှင်းပါ ပြဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပါဝင်သည့် ပြင်းထန်စွာကန့်ကွက်စာကို ဒီဇမ်ဘာ ၁၃ရက်နိတွင် ပီးပို့ခကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အလားတူ တရုတ်နိုင်ငံမှလေ့ အမေရိကန်၏ NDAAအက်ဥပဒေသည် သူများပြည်တွင်းရီးကို ဝင်ရောက်စွက်ဖက် ပြီး၊ တရုတ်ပြည်ကို ထိန်းချုပ်ရန် ထိုင်ဝမ်ကိုကြိုးကိုင်နီသည်ဟုဆိုကာ ပြင်းပြင်းထန်ထန်ကန့် ကွက်ထားသည်။
Photo – Reuters
