APM ၊ ဒီဇမ်ဘာ ၂၇ / ၂၀၂၂
ရက္ခိုင်ပြည်၌ တကျော့ပြန်တိုက်ပွဲကာလအတွင်း မြန်မာစစ်တပ်၏ မီးတိုက်ခြင်းကြောင့် နီအိမ်များမီးလောင်ပြာကျ ပျက်စီးဆုံးယှုံးခရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဆင်အင်းကြီးရွာသားများမှာ အကူအညီများ အရေးပေါ် လိုအပ်နီ ကြောင်း သိရသည်။
တကျော့ပြန်တိုက်ပွဲကာလ နိုဗမ်ဘာ ၁၀ ရက်နိက မြန်မာစစ်တပ်သည် ဆင်အင်းကြီးရွာအား (၂) ကြိမ်တိုင်တိုင် ဝင်ရောက် မီးတိုက်ခသည်။
ယင်းသို့ မြန်မာစစ်တပ်မှ ဝင်ရောက်မီးတိုက်မှုကြောင့် ကျေးရွာအတွင်းဟိ နီအိမ် ၉ လုံးထက်မနည်း မီးလောင် ပျက်စီးခရသည်။
လက်ဟိတွင် ရက္ခိုင့်တပ်တော် AA နန့်မြန်မာစစ်တပ်ရို့ အပစ်အခတ်ရပ်ထားသည့်အတွက် ထွက်ဗြီးတိမ်းယှောင် နီကတ်ရသည့် ဆင်အင်းကြီးရွာသားများအားလုံး နီရပ်သို့ပြန်ရောက်လာကတ်ကေလေ့ အိမ်များမီးတိုက်ခံထား ရသူများမှာ နီစရာအိမ်မဟိ၍ နီးစပ်ရာ အိမ်များ၌ ခိုလှုံနီကတ်ရပြီး၊ နီအိမ်များပြုပြင်ဆောက်လုပ်ရန် အကူအညီများ အရေးပေါ် လိုအပ်လျက်ဟိသည်။
ဆင်အင်းကြီးရွာ၌ မြန်မာစစ်တပ်၏ မီးတိုက်မှုကြောင့် မီးလောင်ပြာကျလားခရသည့် အိမ်များမှာ ဦးထွန်းတင်၊ ဒေါ်လှိုင်မေနု၊ ဒေါ်မလှတင်၊ မသန်းအေးခင်၊ ဦးဦးရွှေသိန်း၊ ဦးခိုင်ထွန်းစိန်၊ ဦးဌေးဝင်းမောင်၊ ဦးမောင်သန်းရွှေ၊ ဒေါ်မခင်သိန်း(မိ) ရို့၏ နီအိမ်များဖြစ်ကတ်သည်။
ဆင်အင်းကြီးရွာတွင် အိမ်ခြေ ၁၃၅ အိမ်နန့် လူဦးရေ ၅၂၀ ခန့်ဟိပြီး၊ ယင်းကိုရွာတွင် မြန်မာစစ်တပ်မှ နီအိမ်များအား ဝင်ရောက် မီးတိုက်ခသည့်အပြင် ရွာသား ၉ ယောက်ထက်မနည်းကိုလေ့ သတ်ဖြတ်ခသိမ့်ကြောင်း သိရသည်။
Photo- ဆင်အင်းကြီးရွာ ကူညီထောက်ပံ့ရီးအဖွဲ့