
APM ၊ နိုဗမ်ဘာ ၂၇/ ၂၀၂၃
၁၀၂၇ စစ်ဆင်ရီး တလမြောက်နိဖြစ်တေ ဒေနိ နိုဗမ်ဘာ ၂၇ ရက်နိမာ ပေါက်တောမြို့ အတွင်း ရက္ခိုင့်တပ်တော်နန့် စစ်ကောင်စီရို့ မြို့တွင်းတိုက်ပွဲ ပြင်း ပြင်းထန်ထန်ဆက် လက်ဖြစ်ပွားနီကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ကသတင်း ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “ရက္ခိုင်ဒေသ၌ ပေါက်တော မြို့တွင်းတိုက်ပွဲ ဆက်လက်ဟိနီသကဲ့သို့ ပလက်ဝဒေသ နှုံးဘူးဗျူဟာ နန့် တရွန်အိုင်ဗျူဟာ သိမ်းပိုက်ရယူရီးအတွက်တိုက်ပွဲများဆက်လက်ပြင်းထန်နီဆဲဖြစ်သည်” လို့ ဖော်ပြထားပါရေ။
ယင်းအပြင် ရက္ခိုင်ပြည်မာ နိုဗမ်ဘာ ၂၇ ရက်နိ၊ မိုးထ ၃ နာရီက ကုလားတန်မြစ်ကြောင်းအတိုင်းတက်လာရေ စစ်ကောင်စီနေဗီက တသိတမင် ပစ်လိုက်တေ လက်နက်ကြီးကျည်စွာ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပွငျရှာသျု့ကရြောကျ ပေါက်ကွဲပနာ ရွာဟိဘုန်းကြီးကျောင်းမီးလောင်ပျက်စီး လားခကြောင်း၊ မိုးထ ၉ နာရီမာ ပုဏ္ဏားကျွန်းအခြီစိုက်
ခမရ(၅၅၀)တပ်ရင်းက အရပ်သားပြည်သူရို့ကိုဦးတည်ပနာ ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တေအပြင်၊ စစ်တွေမြို့ အမှတ်(၁၂)ရဲတပ်ရင်းကလည်း ပေါက်တောမြို့ဖက်သို့ ဦးတည်ပစ်ခတ်ခကြောင်း၊ စစ်ကောင်စီကလက်နက်ကြီး၊ လီယာဉ်၊ဒရုန်းတိနန့် ရပ်ရွာတိသို့ အဆက်မပြတ် တရစပ် ပစ်ခတ်နီရေအတွက် လက်နက်ကြီးကျည်ကြောင့်ပေါက်တောပြင်ရွာက အမျိုးသားတယောက် ဒေနိခါ ထိခိုက်ဒဏ်ရာရလားကြောင်း” ညီနောင်သုံးဖော်က ဆိုပါရေ။
အလားတူ နိုဗမ်ဘာ ၂၇ ရက်နိမာ သျှမ်းမြောက်ဒေသအတွင်း မူဆယ်မြိုအနားဟိ ၁၀၅ မိုင် ရန်သူ့စစ်ဗျူဟာ စခန်းကုန်းကိုလည်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်လို့ဟိပိုင် ရန်သူ့ဖက်ကလည်း ဂျက်တိုက်လီယာဉ် (၁) စီးနန့် နှစ်ကြိမ်တိုင်လာရောက်ပစ်ခတ်တိုက်ခိုက်ခရေအထိ တိုက်ပွဲမာ ဆက်လက်ပြင်းထန်နီပါရေ။
၂၄ နာရီအတွင်း လက်နက်ချ၊ အညံ့ခံဖို့ပြောထားကေလေ့ လက်နက်ချအညံ့မခံလို့ ယင်း ၁၀၅ မိုင် စစ်ကောင်စီ စခန်းကို အဂုပိုင်တိုက်ခိုက်နီစွာလို့ ဆိုပါရေ။
ယင်းအပြင် ဒေနိမိုးထစောစေယ ၃ နာရီ ၃၀ မိနစ်မာ တအာင်းပြည်နယ်၊ မူဆယ်မြို့နယ်ဟိ စစ်ကောင်စီ၏ နမ့်ပေါတန်းထားတပ်စခန်းနန့် မိုးထ ၇ နာရီ ၅၀ မိနစ်မာ လားသျှိုးမြို့နယ်၊ မိုင်းလီရွာအတွင်း တပ်စွဲထားရေ စစ်ကောင်စီတပ်စခန်းရို့ကို တအာင်းတပ်မတော် TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခရေပိုင်၊ ဒေနိမိုးထ ၇ နာရီ ၂၀ မိနစ်ကလည်း တအာင်းပြည်နယ်၊ ကျောက်မဲ မြို့နယ်၊ ကောင်းမူးလိန်ရွာအနားမာ TNLA နန့် စစ်ကောင်စီတပ်ရို့ ထိတွိတိုက်ပွဲဖြစ်ပွားခကြောင်း သိရပါရေ။
ညီနောက်မဟာမိတ်(၃)ဖွဲ့က လက်နက်ချအညံ့ခံဖို့ ကြိုပြောထားကေလေ့ အညံ့မခံရေစခန်းတိ၊ ပြည်သူလူထုကို လက်နက်ကြီးတိနန့် ပစ်ခတ်သတ်ဖြတ်နီရေစခန်းတိကို တခုပြီး တခု ဆက်လက်တိုက်ခိုက်လားဖို့လို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ ၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
