
APM ၊ အောက်တိုဘာ ၂၇ / ၂၀၂၃
စစ်ကောင်စီနန့် ပြည်သူ့စစ်အဖွဲ့တိကို နှိမ်နင်းနိုင်ရီး Operation 1027(၁၀၂၇ စစ်ဆင်ရီး) ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ကြောင်း ကိုးကန့်(MNTJP/MNDAA)၊ တအာင်း(PSLF/TNLA)၊ရက္ခိုင်(ULA/AA) ညီနောင်မဟာမိတ် (၃) ဖွဲ့က ဒေနိ(အောက်တိုဘာ ၂၇ ရက်နိ) အသိပီးထုတ်ပြန်သည်။
ထုတ်ပြန်ချက်မာ”မိမိရို့ ညီနောင်မဟာမိတ် (၃) ဖွဲ့စွာ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တိကို ကာကွယ်နိုင်ရီး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရီး၊ မိမိရို့ဒေသကို မိမိရို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရီး၊ မိမိရို့အဖွဲ့အစည်းတိအပေါ် စစ်ကောင်စီက လီကြောင်း၊လက်နက်ကြီးတိနန့် နိ၊ ညည့် အချိန်မရွီး ပစ်ခတ်တိုက်ခိုက်နီစွာတိကို ဟန့်တားမှုရဟိနိုင်ရီး၊ မြန်မာပြည်သူတရပ်လုံး၏ လိုလားချက်ဖြစ်တေ စစ်အာဏာသျှင်စနစ်အမြစ်ပြတ်ရီး၊ လက်ဟိတရုတ်-မြန်မာနယ် စပ်အပါအဝင် မြန်မာပြည်အတွင်း ကျယ်ပြန့်လာရေ အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရီး၊ Online Game (ကျဖျင်) ကုမ္ပဏီတိနန့် အဆိုပါ လုပ်ငန်းတိကို လုပ်ဆောင်နီကတ်တေ စစ်ကောင်စီနန့်ပြည်သူ့စစ်အဖွဲ့တိကို နှိမ်နင်းနိုင်ရီး စရေရည်ရွယ်ချက်တိနန့် Operation 1027(၁၀၂၇ စစ်ဆင်ရီး)ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ကြောင်း အသိပေးထုတ်ပြန်အပ်ပါရေ လို့ ဖော်ပြထားပါရေ။
ယင်းအပြင် ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နန့် ရက္ခိုင် (ULA/AA) အဖွဲ့အစည်း (၃) ဖွဲ့စွာ ဆယ်စု နှစ်နီးပါး အချိန်ကာလတခုကို နိုင်ငံရီးစားပွဲဝိုင်းမာတင်မက စစ်မြီပြင်မာပါ တယောက်ကိုတယောက် အသက်၊ သွီး၊ ချွေး ပီးဆပ်မှုများစွာနန့် စည်းစည်းလုံးလုံး အတူတကွ လက်တွဲတိုက်ပွဲဝင်ခကတ်တေ စစ်ရီး၊ နိုင်ငံရီး ညီနောင်မဟာမိတ် တိဖြစ်ကတ်ကြောင်း၊ တဖွဲ့၏ နိုင်ငံရီးရည်မှန်းချက်ကို တဖွဲ့က လေးစားအသိအမှတ်ပြုပြီး ဇာကိစ္စမာမဆို စိတ်ရင်း စေတနာမှန်နန့် အကောင်းဆုံးဖေးမကူညီခကတ်ကြောင်းလည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ညီနောင်မဟာမိတ် (၃) စွာ”တဖွဲ့၏ပြဿနာစွာ သုံးဖွဲ့စလုံး၏ ပြဿနာဖြစ်တေ ဆိုရေ မူဝါဒကို ချမှတ်ပြီးကေ ဒေနိအချိန်အထိပူးပေါင်းဆောင်ရွက်လို့ဟိကြောင်းလည်း ဆိုပါရေ။
မြန်မာ့နိုင်ငံရီး အပြောင်းအလဲ အချိုးအကွေ့ ကာလတိမာ ညီနောင်မဟာမိတ် (၃) ဖွဲ့စွာ တခြားတော်လှန်ရီး လက်နက်ကိုင်အဖွဲ့အစည်းတိနန့် မတူညီရေ နိုင်ငံရီး၊ စစ်ရီးစိန်ခေါ်မှုတိကိုဆယ်စုနှစ်တခုနီးပါး အတူတကွ ခါးစည်းခံခကတ်ရကေလေ့ မယိမ်းမယိုင်ရေ ခံယူချက်၊ ဇွဲသတ္တိအပြည့်၊ သစ္စာဟိဟိ၊ ရဲရဲရင့်ရင့် ညီနောင်မဟာမိတ်ပီသစွာ ဖြတ်သန်းလျှောက်လှမ်းလာခကတ်ပြီးကေ အတူတကွ တိုက်ပွဲဝင်နီတုန်းဖြစ်တေပိုင် အနာဂတ်မာလည်း ဆက်လက်ပြီးကေ လက်တွဲခိုင်မာစွာ ရပ်တည်လားဖို့လို့လည်း ဒေနိထုတ်ပြန်ရေ ညီနောင်မဟာမိတ် (၃) ဖွဲ့ ၏ အသိပီးထုတ်ပြန်ကြေညာ ချက်မာ ဖော်ပြထားပါရေ။
